ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စားကုန်များ စျေးမြင့်တက်နေသည့် ထားဝယ်ဈေးကွက်

September 21, 2024

ထားဝယ်တွင် ယခုသီတင်းပတ် ဆန်၊ ဆီ၊ အာလူးနှင့် ငရုတ်သီးဈေးနှုန်းများ မြင့်တက်နေသည်။

ပြီးခဲ့သည့် သီတင်းပတ်က ဆန်ချော ပေါ်ဆန်းဆန် တစ်အိတ်လျှင် ၁၆၅,၀၀၀ကျပ် စျေးရှိပြီး ယနေ့ ၁၇၁,၅၀၀ ကျပ် ဖြစ်လာသည်။

‌ပေါ်ဆန်းဆန် (ဆန်ချော) ဈေးမှာ တစ်ပတ်အတွင်း တစ်အိတ်လျှင် ၆၅၀၀ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။

အမေထွားတံဆိပ် ပြည်တွင်းထုတ်ပဲဆီဈေးနှုန်းမှာ ပြီးခဲ့သည့် သီတင်းပတ်က ဆီတစ်လီတာ ၁၀၆၀၀ ကျပ်စျေးရှိရာမှ ယနေ့ ၁၁၆၀၀ကျပ်ဖြစ်လာသည်။

တစ်ပတ်အတွင်း ပဲဆီတစ်လီတာ ကျပ် တစ်ထောင် ဈေးတက်သွားသည်။

ယင်းအပြင် ပြီးခဲ့သည့်သီတင်းပတ်က အာလူးတစ်ပိဿာ ၆၅၀၀ ကျပ်စျေးရှိပြီး ယနေ့တွင် ၈၅၀၀ကျပ်၊ ရွှေအပ်ငရုတ်သီးခြောက် တစ်ပိဿာ ၁၄၅၀၀ကျပ်မှ ယနေ့ ၁၆၅၀၀ကျပ်ဖြစ်လာသည်။

တစ်ပတ်အတွင်း အာလူးနှင့် ရွှေအပ်ငရုတ်ခြောက်တို့မှ တစ်ပိဿာလျှင် နှစ်ထောင်ကျပ်စီ ဈေးတက်သွားခြင်းဖြစ်သည်။

သို့သော်ဆန်ကြမ်းဈေးနှုန်းမှာ တစ်အိတ်လျှင် ၈၄၀၀၀ ကျပ်ဖြင့် ဇယားပါအတိုင်း ဈေးငြိမ်လျက်ရှိသည်။

ထိုင်းနိုင်ငံထုတ် စားသုံးဆီဈေးမှာ တစ်ပတ်အတွင်း တစ်လီတာ ၃၀၀ကျပ် ဈေးထပ်ကျသွားသည်။

ယခင်အပတ်က ပုစွန်တံဆိပ် ဆီတစ်လီတာ ၈၇၀၀ကျပ်မှ ယနေ့ ၈၄၀၀ကျပ် ဖြစ်လာသည်။

ပဲလုံးတံဆိပ် စားသုံးဆီဈေးမှာ တစ်လီတာလျှင် ၉၅၀၀ကျပ်ဖြင့် ဈေးငြိမ်နေသည်။