BREAKING
May 21, 2025

ယူရိုပါလိဂ်ဗိုလ်လုပွဲကြည့်ရန် စပိန်သို့ရောက်နေသော မန်ယူနှင့် စပါးပရိသတ်များ ခိုက်ရန်ဖြစ်ပွား

May 21, 2025

ယူရိုပါလိဂ်ဗိုလ်လုပွဲ ကြည့်ရှုရန် စပိန်နိုင်ငံသို့ ရောက်ရှိနေသော မန်ယူနှင့် စပါးပရိသတ်များသည် ဗိုလ်လုပွဲမတိုင်မီတွင် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

စပိန်နိုင်ငံတွင် ကျင်းပမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲကိုကြည့်ရှုရန် မန်ယူနှင့် စပါးပရိသတ်စုစုပေါင်း ၈၀,၀၀၀ နီးပါး စပိန်နိုင်ငံသို့ ရောက်ရှိနေပြီး ဆန်ဆီဘက်စ်တီယန်မြို့တွင် မန်ယူနှင့် စပါးပရိသတ်များ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မန်ယူနှင့် စပါးပရိသတ်များ ခိုက်ရန်ဖြစ်ပွားခဲ့သော ဆန်ဆီဘက်စ်တီယန်မြို့သည် ယူရိုပါလိဂ်ဗိုလ်လုပွဲကျင်းပမည့် ဘီလ်ဘာအိုမြို့နှင့် ၄၈ မိုင်အကွာတွင် တည်ရှိပြီး စပိန်သတင်းရင်းမြစ်များက မန်ယူနှင့် စပါးပရိသတ်များမှာ ဒေသစံတော်ချိန် ည ၉ နာရီ မိနစ် ၂၀ ဝန်းကျင်၌ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မန်ယူနှင့် စပါးပရိသတ်များသည် အပြန်အလှန် အော်ဟစ်ဆဲဆိုကာ ကိုယ်ထိလက်ရောက် တိုက်ခိုက်ရန်ပြုခဲ့ကြပြီး စားသောက်ဆိုင်အတွင်းရှိ ခုံများ၊ အရာဝတ္ထုများနှင့် အပြန်အလှန် ပစ်ပေါက်သည်အထိ ရန်ပွဲမှာ ကြီးကျယ်သွားခဲ့ကြောင်း Dario Sports က ဖော်ပြထားသည်။

မန်ယူနှင့် စပါးပရိသတ်များ၏ခိုက်ရန်ဖြစ်ပွားမှုကို စပိန်ရဲတပ်ဖွဲ့ဝင်များက လာရောက်ထိန်းသိမ်း ကိုင်တွယ်ခဲ့ရပြီး ပရီးမီးယားလိဂ်၌ အဆင့် ၁၆ နှင့် ၁၇ တို့တွင် ရပ်တည်နေသော မန်ယူနှင့် စပါးတို့၏ယူရိုပါလိဂ်ဗိုလ်လုပွဲမှ အနိုင်ရရှိသောအသင်းမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့်ကို ရရှိလိမ့်မည်ဖြစ်သည်။

Source – Daily Star