ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စားသုံးဆီဈေးတက်ပြီး ကြက်သွန်ဖြူ ဈေးကျသည့် ထားဝယ်ဈေးကွက်

March 21, 2026

ထားဝယ်မြို့တွင် ယခုသီတင်းပတ်အတွင်း ပြည်တွင်းထုတ်စားသုံးဆီဈေးနှုန်းများ မြင့်တက်လာပြီး ကြက်သွန်ဖြူ (ကြူကုတ်) ဈေးနှုန်းမှာမူ ပြန်လည်ကျဆင်းလာသည်။

ပြီးခဲ့သည့်သီတင်းပတ် မတ်လ ၁၅ ရက်က ထားဝယ်ဈေးကွက်တွင် ပြည်တွင်းထုတ် ‘အမေထွား’ အမှတ်တံဆိပ် စားသုံးဆီတစ်လီတာလျှင် ၁၃,၆၀၀ ကျပ် ရှိခဲ့ရာမှ မတ်လ ၂၁ ရက်တွင် ၁၄,၀၀၀ ကျပ်သို့လည်းကောင်း၊ ‘ဇွဲ’ အမှတ်တံဆိပ် စားသုံးဆီတစ်ပိဿာလျှင် ၂၄,၅၀၀ ကျပ်မှ ၂၅,၀၀၀ ကျပ်သို့လည်းကောင်း၊ နှမ်းဆီတစ်လီတာလျှင် ၁၂,၆၀၀ ကျပ်မှ ၁၄,၀၀၀ ကျပ်သို့လည်းကောင်း အသီးသီး ဈေးတက်သွားခဲ့သည်။

ထို့ကြောင့် တစ်ပတ်အတွင်း ပြည်တွင်းထုတ်စားသုံးဆီများဖြစ်သည့် အမေထွားအမှတ်တံဆိပ်သည် တစ်လီတာလျှင် ၄၀၀ ကျပ်၊ ဇွဲအမှတ်တံဆိပ်သည် တစ်ပိဿာလျှင် ၅၀၀ ကျပ်နှင့် နှမ်းဆီသည် တစ်လီတာလျှင် ၁,၄၀၀ ကျပ်အထိ ဈေးမြင့်တက်သွားခြင်း ဖြစ်သည်။

ကြက်သွန်ဖြူ (ကြူကုတ်) မှာမူ တစ်ပတ်အတွင်း တစ်ပိဿာလျှင် ၁,၅၀၀ ကျပ်ခန့် ဈေးပြန်ကျလာသည်။ ပြီးခဲ့သည့်သီတင်းပတ် မတ်လ ၁၅ ရက်က ထားဝယ်ဈေးကွက်တွင် ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၁၅,၀၀၀ ကျပ် ရှိခဲ့ရာမှ မတ်လ ၂၁ ရက်တွင် တစ်ပိဿာလျှင် ၁၃,၅၀၀ ကျပ်သို့ ဈေးကျသွားခြင်း ဖြစ်သည်။

ကြက်သွန်နီဈေးနှုန်းမှာမူ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရသည်။

ယခုသီတင်းပတ်တွင် ထားဝယ်ဒေသထွက် ဆန်အမှတ်တံဆိပ်အချို့မှာ ဈေးငြိမ်နေသော်လည်း တိုင်းပြင်ပမှ တင်သွင်းသည့် ဆန်အမှတ်တံဆိပ်အချို့မှာမူ ဇယားပါဈေးနှုန်းများအတိုင်း ဈေးနှုန်းမြင့်တက်နေသည်ကို တွေ့ရှိရမည်ဖြစ်သည်။