ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တစ်ပတ်အတွင်း တနင်္သာရီသတင်း

March 21, 2026

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ

  • ဒေသတော်လှန်ရေးတပ်ဖွဲ့ လေးခုပေါင်းပြီး ထားဝယ်တပ်တော် ဖွဲ့စည်း
  • စစ်အာဏာရှင်တပ်က ကြည်း၊ ရေ၊ လေသုံးပြီးခုခံခဲ့တဲ့ ဝင်းဝစခန်းကို ပူးပေါင်းတပ်တွေသိမ်းပိုက်
  • မြိတ်မှာ လယ်တစ်ဧက ကျပ်သိန်း၁၀၀ လောက် ဈေးပေါက်ပေမယ့် ၁၅ သိန်းပဲပေးပြီး အဓမ္မရောင်းခိုင်း
  • ရေဖြူမှာ လျှပ်စစ်ပြတ်တောက်နေချိန် စက်သုံးဆီစျေးတက်လို့ ဒူးရင်းခြံစရိတ် ၁၀ ဆနီးပါးမြင့်တက်တဲ့ သတင်းအပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
  • ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “စစ်အာဏာရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုက အပြစ်မဲ့ပြည်သူတွေကို ရည်ရွယ်တာလား” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။