ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်နီဈေးကျလာပြီး ဒေသထွက်ဆန် စျေးတက်လာသည်။
ပြီးခဲ့သည့်သီတင်းပတ် ဖေဖော်ဝါရီလ ၁၅ ရက်က ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီ ရိုးရိုးတစ်ပိဿာလျှင် ၃၇၀၀ ကျပ် စျေးရှိရာမှ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ၃၃၀၀ ကျပ်သို့ ဈေးကျသွားသည်။
ထိုနည်းအတူ ကြက်သွန်နီ (မြစ်သား) မှာလည်း တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၃၅၀၀ကျပ်သို့ ဈေးကျလာသည်။
ထို့ကြောင့် တစ်ပတ်တွင်း ကြက်သွန်နီရိုးရိုး တစ်ပိဿာလျှင် ၄၀၀ ကျပ်၊ ကြက်သွန်နီ(မြစ်သား)တစ်ပိဿာ ၅၀၀ကျပ် ဈေးပြန်ကျလာခြင်းဖြစ်သည်။
ထားဝယ်ဒေသထွက် ဆန်အမျိုးအစား တစ်မျိုးဖြစ်သည့် ဧည့်မထ (ထားဝယ်ဆန်ရှည်) အမျိုးအစားမှာ ယခုသီတင်းပတ်အတွင်း ဈေးတက်လာသည်။
ဖေဖော်ဝါရီလ ၁၅ ရက်က ထားဝယ်ဆန်ရှည်တစ်အိတ်လျှင် ၅၅,၅၀၀ ကျပ်စျေးရှိရာမှ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ၅၈,၀၀၀ ကျပ်သို့ ဈေးတက်သွားသည်။
ထို့ကြောင့် တစ်ပတ်အတွင်း ထားဝယ်ဆန်ရှည်တစ်အိတ်လျှင် ၂၅၀၀ ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။
တိုင်းပြင်ပမှ တင်သွင်းသည့် ဆန်အမျိုးအစား အချို့မှာ ယခုသီတင်းပတ်တွင်လည်း ထားဝယ်ဈေးကွက်၌ ပစ္စည်း ပြတ်လတ်နေဆဲပင်ဖြစ်သည်။










