ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တစ်ပတ်အတွင်း တနင်္သာရီသတင်း

February 21, 2026

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ

  • ထားဝယ်မြို့မှာ မသန်စွမ်းသူအပါအဝင် မြို့ခံအချို့စစ်မှုထမ်းဆီးခံရ
  • ကော့သောင်းနဲ့ ပုလောမှာ အရပ်သားနှစ်ဦး ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းဖျောက်ခံရ
  • ပုလော ရှပ်ပုံရွာကို စစ်အာဏာရှင်တပ်က ငါးကြိမ်ဆက်တိုက်မီးရှို့
  • မောတောင်လမ်းပိုင်းရှိ လသားအရွယ်ကလေးတွေနဲ့ ကိုယ်ဝန်သည်စစ်ဘေးရှောင်တွေ အကူအညီလို
  • ပုဂေါဇွန်းရွာမှာတိုက်ပွဲပြီးနောက် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသမှာ ရက်ရှည်လျှပ်စစ်ပြတ်တောက်
  • သရက်ချောင်းက တောင်ပျောက်တိုက်နယ်အဝင်မှာတိုက်ပွဲဖြစ်ပြီး လေယာဉ်နဲ့ဗုံးကြဲတဲ့ သတင်းအပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
  • ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “ရွေးကောက်ပွဲကြောင့် ပြာပုံပေါ် ရောက်သွားတဲ့ ပြည်သူတွေ” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။