ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် သုံးရက်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သား လေးရာကျော် အဖမ်းခံရ

January 21, 2022

ပုံစာ - ဇန်နဝါရီလ ၂၀ ရက်က ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများ

တနင်္သာရီမြိုနယ် မောတောင်-စင်ခွန်းနယ်စပ်မှတစ်ဆင့် ထိုင်နိုင်ငံသို့ တရားမဝင် ဝင်ရောက်သဖြင့် သုံးရက်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၃၂ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ၁၁၈ ဦး၊ ၁၉ ရက်နေ့တွင် ၁၁၀ ဦးနှင့် ၂၀ ရက်နေ့တွင် ၂၀၄ ဦး စုစုပေါင်း ၄၃၂ ဦးတို့အား ဖမ်းမိကြောင်း ထုတ်ပြန်ထားသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် မောတောင်-စင်ခွန်းနယ်စပ်ဂိတ် တစ်လျှောက်ရှိ တောလမ်းတို့မှ တစ်ဆင့် ထိုင်းသို့ တရားမဝင် ဝင်ရောက်ကြသဖြင့် ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခရိုင်အတွင်း ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ထို့အပြင် ဇန်နဝါရီလ ပထမပတ်ကလည်း ‌၁၉၅ ဦးအား ဖမ်းမိခဲ့ကြောင်း အထက်ပါ ဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ နယ်စပ်တစ်လျှောက်တွင် ထိုင်းဘက်က သံဆူးကြိုးကာရံထားခြင်း၊ အချက်ပေး ကိရိယာထား ရှိခြင်းနှင့် ကင်းလှည့်ခြင်းတို့ ဆောင်‌ရွက်ထားသော်လည်း မြန်မာအလုပ်သမားများ တရားမဝင် သွားရောက် နေကြဆဲဖြစ်ကြောင်း မောတောင်နယ်စပ်နေသူတို့က ပြောပြသည်။

No related posts found.