ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တစ်ပတ်အတွင်း တနင်္သာရီသတင်း

December 20, 2025

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ
 
•       တနင်္သာရီ-မောတောင်လမ်းပိုင်း တိုက်ပွဲပြင်းထန်နေလို့ ကျေးရွာ ၁၀ ရွာဝန်းကျင် စားနပ်ရိက္ခာပြတ်

•       တနင်္သာရီကမ်းလွန်မှာ မင်းရဲသူ သဘာဝဓာတ်ငွေ့စီမံကိန်း ၂၀၂၆ နှစ်ကုန်ပိုင်းမှာစမယ်လို့ စစ်အုပ်စုပြော

•       လောင်းလုံးမြို့နားမှာ တိုက်ပွဲဖြစ်ပြီး တိုက်လေယာဉ်နဲ့ဗုံးကြဲ

•       ရေဖြူ နဘုလယ်မှာ စစ်အာဏာရှင်တပ်က နေအိမ်မီးရှို့ပြီးဒေသခံတွေကိုဖမ်းဆီး

•       သရက်ချောင်းမှာ စစ်အာဏာရှင်တပ်က လက်နက်ကြီးပစ်ခတ်ပြီး သင်းကျွန်းရွာက နေအိမ်တချို့မီးလောင်

•       တနင်္သာရီမှာ စစ်အာဏာရှင်တပ်ရိက္ခာယာဉ်တန်းကို တော်လှန်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်

•          တိုက်ပွဲပြင်းထန်နေတဲ့ မောတောင်လမ်းရှိသဲဖြူရွာကို စစ်အာဏာရှင်တပ်ကလေယာဉ်နဲ့ ငါးရက်ဆက်ဗုံးကြဲ စတဲ့ သတင်းတွေ အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

•       ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ်  “သဘာဝဘေး၊ စစ်ဘေးနဲ့ စပါးဈေးတွေကြောင့် စိုက်သူမဲ့လာတဲ့ လယ်ယာတွေ”အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။