BREAKING
May 6, 2025

မြိတ် အ‌ခြေခံစားသောက်ကုန်အများစု ဈေးနှုန်းတည်ငြိမ်

October 20, 2023

မြိတ်မြို့ရှိ အ‌ခြေခံစားသောက်ကုန်အများစု၏ ဈေးနှုန်းများ တည်ငြိမ်လျက်ရှိသည်။

ယခင်အပတ်နှင့် နှိုင်းစာလျှင် အပြောင်းအလဲ မရှိလှပေ။ သို့သော် ငရုတ်သီးနှင့် သားငါးဈေးနှုန်းတို့မှာမူ အနည်းငယ် အပြောင်းအလဲရှိသည်။

ငရုတ်သီးခြောက် (ရွှေအပ်) မှာ တစ်ပိဿာလျှင် ယခင်အပတ်က ၁၅၀၀၀ ကျပ်မှ ၃၀၀၀ ကျပ် ကျဆင်းလာသဖြင့် ယခုအပတ်တွင် ၁၂၀၀၀ ကျပ်နှုန်း ရောင်းချနေကြသည်။

ငရုတ်သီးခြောက် (ငရုပ်ပု) တစ်ပိဿာမှာမူ ယခင်အပတ်က ၂၁၀၀၀ ကျပ်ဈေးရှိရာမှ ၁၀၀၀ ကျပ် တက်လာသဖြင့် ယခုအပတ်တွင် ၂၂၀၀၀ ကျပ်နှုန်း ဖြစ်လာသည်။

သားငါးအချို့တို့၏ ဈေးနှုန်းသည် ယခင်အပတ်ထက် တစ်ပိဿာလျှင် ကျပ်တစ်ထောင်မှ ကျပ်တစ်ထောင်ငါးရာအထိ ကျဆင်းလာခဲ့သည်။

ဈေးနှုန်းများ အပြောင်းအလဲ အနည်းငယ်သာရှိသော်လည်း အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်အား ပြည်သူလူထု ရင်ဆိုင်နေကြရဆဲ ဖြစ်သည်။