ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ
- တနင်္သာရီမှာ သုံးရက်ဆက်တိုက်ပွဲဖြစ်လို့ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်သုံးပြီး နှစ်ရက်ဆက်ဗုံးကြဲတဲ့အကြောင်း
- ပုလော ထမင်းမစားရွာက စစ်အာဏာရှင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းယူခဲ့တဲ့အခြေအနေ
- ကျွန်းစုပင်လယ်ပြင်မှာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်တဲ့အကြောင်း
- မြိတ်မှာ ငါးအမှုန့်ကြိတ်စက်ရုံ အနံ့ဆိုးထွက်မှု ပိုပြီးဆိုးဝါးလာတယ်လို့ မြို့ခံတွေပြောတဲ့သတင်း
- ရက်ရှည်စစ်ရှောင်နေရတဲ့ ထားဝယ်အရှေ့တော ဒေသခံထောင်ချီ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးအခက်ကြုံနေတဲ့အကြောင်း
- ထားဝယ်မှာ စားသောက်ကုန်တွေ စျေးပြန်ကျတဲ့ သတင်းတွေ အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
- ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “ရွေးကောက်ပွဲနီးလာချိန် နေအိမ်မီးရှို့တာပိုလုပ်လာတဲ့ စစ်အာဏာရှင်တပ်” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။
DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။
Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။






