Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လောင်းလုံးမြောက်ပိုင်း ဆင်ပုနစ်ရွာကို စစ်ကြောင်းဝင်လာလို့ ဒေသခံတွေထွက်ပြေးနေရတဲ့အကြောင်း
- တနင်္သာရီ ရမ်းဖိုရွာမှာ စစ်ကောင်စီရဲ့ စစ်ကူနဲ့ ရိက္ခာတင်လာတဲ့ ယာဉ်တန်းမိုင်းဆွဲခံရတာ
- ထိုင်း-မြန်မာနယ်စပ်လမ်းပေါ်က သိန်းခွန်းရွာအနီးမှာ တိုက်ပွဲတွေဆက်ဖြစ်နေတဲ့အကြောင်း
- မြိတ် ပသွေး-ပိတောက် လမ်းပိုင်းမှာ ဆီအုန်းကားတစ်စီးမှောက်၊ ယာဉ်မောင်း ဒဏ်ရာရတဲ့ကြောင်း
- ထိုင်းနိုင်ငံသားက မြန်မာလုပ်သားတွေကို သေနတ်ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီးတစ်ဦးဒဏ်ရာရတာ
- အမေရိကန်သတိပေးပေမဲ့ အစ္စရေး-အီရန်စစ်ပွဲမှာ ကြားနေမှာမဟုတ်ဘူးလို့ ဟစ်ဇ်ဘိုလာခေါင်းဆောင်ပြောတဲ့ကြောင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။