BREAKING
October 20, 2025

အစ္စရေး - အီရန် စစ်ပွဲတွင် အမေရိကန် ဝင်မပါရန် ရုရှားသတိပေး

June 20, 2025

အမေရိကန်အနေဖြင့် အီရန်ကို စစ်ရေးအရ အရေးယူဆောင်ရွက်ခြင်း မပြုလုပ်ရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၉ ရက်တွင် သတိပေးလိုက်သည်။

အစ္စရေး – အီရန် စစ်ပွဲအတွင်း အမေရိကန်က အစ္စရေးဘက်က ဝင်တိုက်နိုင်သည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်နေချိန် ရုရှားက ယင်းသို့ သတိပေးလိုက်ခြင်း ဖြစ်သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် အစ္စရေးဘက်ကနေ၍ အီရန်ကို တိုက်ခိုက်သွားရန် စဉ်းစားနေကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြောဆိုခဲ့သည်။

“အမေရိကန်အစိုးရအနေနဲ့ လက်ရှိအခြေအနေမှာ စစ်ရေးအရ ကြားဝင်မစွက်ဖက်ဖို့ ကျွန်မတို့ သတိပေးလိုပါတယ်”ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက သတင်းထောက်များကို ပြောကြားခဲ့သည်။

အမေရိကန်၏ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုသည် ကြိုတင်မခန့်မှန်းနိုင်သည့် အနုတ်လက္ခဏာအကျိုးဆက်များ ဖြစ်ပေါ်လာစေနိုင်ပြီး အင်မတန် အန္တရာယ်ကြီးသည့် ခြေလှမ်းတစ်ခု ဖြစ်လာလိမ့်မည်ဟု သူမက ဆိုသည်။

ရုရှားသမ္မတပူတင်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့ ဖုန်းခေါ်ဆိုပြီးနောက်ကြာသပတေးနေ့ အစောပိုင်းတွင် အစ္စရေး၏ အီရန်အပေါ် တိုက်ခိုက်မှုကို နှစ်နိုင်ငံစလုံးက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။

လက်ရှိစစ်ပွဲကို သံတမန်ရေးနည်းလမ်းဖြင့်သာ အဆုံးသတ်သင့်သည်ဟု ရုရှားနှင့် တရုတ်နှစ်နိုင်ငံစလုံးက ယုံကြည်ကြောင်း ရုရှားအရာရှိတစ်ဦးက ဆိုသည်။

Source: France 24