ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မဲဆောက်တွင် ပျောက်ဆုံးနေသည့် ဧရာဝတီမဟု လူသိများသူ၏ အလောင်းပြန်တွေ့

January 20, 2026

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် နေထိုင်ပြီး အွန်လိုင်းဈေးရောင်းနေသော ဧရာဝတီမဟု လူသိများသူသည် ပျောက်ဆုံးနေရာမှ ယနေ့ ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းတွင် ရုပ်အလောင်းပြန်တွေ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

ဧရာဝတီမသည် LGBTQ+ တစ်ဦးဖြစ်ပြီး ဧရာဝတီမဟု လူသိများသည့် တင်ဇော်ထွေးသည် ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက် ညနက်ချိန်တွင် နေအိမ်မှ ထွက်ခွာသွားခဲ့ပြီးနောက် ပျောက်ဆုံးခဲ့ကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဖုန်းအဆက်အသွယ်မရဘဲ ပျောက်ဆုံးနေရာမှ ယနေ့ ညနေပိုင်းတွင် ရုပ်အလောင်းကို ပြန်တွေ့ကြောင်း ၎င်းက ဆိုသည်။

“လုပ်ကြံသွားတယ်လို့ပဲ ယူဆထားတယ်။ သူနဲ့ပါသွားတာတွေလည်း အလုခံလိုက်ရတယ်ဆိုတော့” ဟု အထက်ပါနီးစပ်သူက ပြောဆိုသည်။

ဧရာဝတီမ အိမ်မှ ထွက်သွားစဉ်က ၎င်းနှင့်အတူ ဖုန်း၊ ရွှေနှင့် ပိုက်ဆံများလည်း ပါသွားကြောင်း ၎င်းက ပြောသည်။

အလောင်းပြန်တွေ့ချိန်တွင် ၎င်းနှင့်အတူ ပါသွားသော ဖုန်းနှင့် ရွှေများ ပြန်မတွေ့တော့ကြောင်း အထက်ပါနီးစပ်သူက ဆက်လက်ပြောဆိုသည်။