ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် စမွတ်စခွန်ကို ဆက်သွယ်ထားသော ဖလန်ဆောင် (ရာမ ၂) မိုးပျံတံတားဆောက်လုပ်ရေး လုပ်ငန်းခွင် ကရိန်းပြိုကျသောနေရာတွင် အပျက်အစီးများကြား မီးလောင်မှုထပ်ဖြစ်နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ ဇန်နဝါရီလ ၂၀ ရက် နံနက် ၁၁ နာရီတွင် တံတားပြိုကျသော အပျက်အစီးများကြားက မီးလောင်ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် မီးသတ်သမားများက မီးကို ထိန်းချုပ်နိုင်ရန် ငြှိမ်းသတ်နေဆဲဖြစ်ပြီး မီးလောင်ရသည့် အကြောင်းအရင်းကိုလည်း စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဖော်ပြသည်။
မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ဆိုသည်။
ဇန်နဝါရီလ ၁၅ ရက်က ယင်းတံတားဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ ကရိန်း သွားလာနေသည့် ကားများပေါ် ပြိုကျမှုကြောင့် လူ နှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့သည်။
Ref: Khaosod, Matichon







