BREAKING
June 16, 2025

ဆီမကုန်ခင် အလုအယက်

August 19, 2022

ထားဝယ်မြို့ပေါ်တွင် ဓာတ်ဆီအကန့်အသတ်ဖြင့် ရောင်းချနေမှုကြောင့် ဆီမကုန်ခင် အလုအယက်ဆီဝယ်ယူနေကြသည့် မြင်ကွင်းကို ယနေ့နံနက်ပိုင်းက တွေ့မြင်ရစဉ်။

သီလဝါမှထွက်လာသည့် ဆီဘောင်ဆာကား ယနေ့ထားဝယ်သို့ ရောက်ရှိလာခြင်းကြောင့် ဆီရောင်းပေးနေခြင်းဖြစ်ကြောင်း ဆိုင်ကယ်တစ်စီးလျှင် ဓာတ်ဆီ ၃၀၀၀ ကျပ်ဖိုး (တစ်လီတာကျော်ကျော်)၊ ကားတစ်စီးလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ရောင်းချပေးနေကြောင်း ဆီဆိုင်များမှစုံစမ်းသိရှိရသည်။

ထားဝယ်မြို့ စျေးကွက်အခြေအနေအရ ဆီဘောင်ဆာကားတစ်စီးစာ ပါရှိလာသည့် လောင်စာဆီမှာ အချိန်အနည်းငယ်အတွင်း ကုန်သွားမည်ဖြစ်သောကြောင့် ပြည်သူများမှာ အလုအယက် သွားရောက်ဝယ်ယူနေကြခြင်းဖြစ်သည်။

ယနေ့ဆီပေါက်စျေး

95 တစ်လီတာ – ၂၅၀၅ ကျပ်

92 တစ်လီတာ – ၂၄၂၀ ကျပ်