၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုနှင့် သာရဘွင်ကျေးရွာအုပ်စု တို့တွင် (ယနေ့) ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀နာရီက စတင်ကျင်းပသည်။
အဆိုပါအခမ်းအနားကို တနင်္သာရီကျောင်းသားသမဂ္ဂ-ဗကသများအဖွဲ့ချုပ်က ဦးဆောင်ပြီး ရွာတန်းတစ်လျှောက် လှည့်လည်ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ဒေသခံများနှင့် ကျောင်းသား၊ ကျောင်းသူများပါဝင်ကြပြီး လူစုလူဝေးရှိသည့် နေရာများတွင် အာဇာနည်နေ့ဖြစ်ပေါ်လာပုံကို ရှင်းလင်းခဲ့သည်။





