BREAKING
October 21, 2025

ပီထာကို လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ထားရန် ဆုံးဖြတ်

July 19, 2023

ပီထာကို iTV ရှယ်ယာများပိုင်ဆိုင်ထားမှုနှင့် ပက်သက်၍ စုံစမ်းစစ်ဆေးရန် အခြေခံဥပဒေခုံရုံးက ယနေ့ (ဇူလိုင် ၁၉) တွင် လက်ခံလိုက်ပြီးနောက် လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အခြေခံဥပဒေခုံရုံးက နောက်ထပ်အမိန့်မချမှတ်ခင်အထိ ပီထာသည် လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ထားခံရမည်ဖြစ်သည်။

ယင်းအမှုကို ရွေးကောက်ပွဲကော်မရှင်က ပထမအကြိမ် ဝန်ကြီးချုပ်ရွေးချယ်ပွဲမတိုင်ခင် တစ်ရက်အလို ဇူလိုင်လ ၁၂ ရက်နေ့တွင် အခြေခံဥပဒေခုံရုံးထံသို့ တိုင်ကြားထားခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်က ပီထာကို မီဒီယာကုမ္ပဏီတစ်ခုဖြစ်သော iTV ရှယ်ယာ ၄၂၀၀၀ ပိုင်ဆိုင်ထားမှုကြောင့် လွှတ်တော်အမတ်အနေဖြင့် ရွေးကောက်ခံခွင့်မရှိဟူသော စွပ်စွဲချက်ဖြင့် ခုံရုံးသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

Ref: Thai Enquirer, Khaosod English