အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဂျာမဏီ၊ ပြင်သစ်၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတို့ မနက်ဖြန် ဇွန်လ ၂၀ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ အဏုမြူလက်နက်ကိစ္စရပ်များ ဆွေးနွေးမည် ဖြစ်သည်။
အစ္စရေး – အီရန် စစ်ပွဲ ပိုမိုဆိုးရွားကျယ်ပြန့်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာချိန် အဆိုပါတွေ့ဆုံပွဲ ပေါ်ထွက်လာခြင်း ဖြစ်သည်။
အဆိုပါ တွေ့ဆုံပွဲပေါ်ပေါက်လာစေရန် ဥရောပနိုင်ငံ သုံးနိုင်ငံနှင့် အမေရိကန်တို့ ကမကထပြု စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ အဏုမြူစီမံကိန်းများကို စစ်ရေးရည်မှန်းချက်အတွက် မဟုတ်ဘဲ အရပ်ဘက်အတွက်သာ အသုံးပြုမည်ဟု အီရန်ဘက်က ကတိပြုလာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi နှင့် မတွေ့ဆုံမီ ဥရောပအင်အားကြီး သုံးနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများက ဥရောပသမဂ္ဂဆိုင်ရာ ဂျာမဏီအမြဲတမ်းသံအမတ် Kaja Kallas နှင့် ဦးစွာတွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
အစ္စရေး – အီရန်စစ်ပွဲတွင် အမေရိကန်ပါဝင်လာပြီး ပိုမိုဆိုးရွားအရှိန်မြင့်လာမည့်အရေးလည်း စိုးရိမ်မှုများ ပိုမိုကြီးထွားလာသည်။
အီရန်တွင် အဏုမြူလက်နက် ရမလာအောင် တားဆီးရန် ရည်ရွယ်၍ အီရန်ကို စတင်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု အစ္စရေးက ဆိုသည်။
အဏုမြူလက်နက်ထုတ်လုပ်ရန် ကြိုးစားနေသည်ဆိုသော စွပ်စွဲချက်များကို အီရန်ဘက်က ငြင်းဆိုလျက် ရှိသည်။
Source: Reuters