BREAKING
October 20, 2025

နည်းပညာမြင့် ပဲ့ထိန်းဒုံးအမျိုးအစားသစ်ဖြင့် အစ္စရေးကို အီရန်တိုက်ခိုက်

June 19, 2025

ပုံစာ - တနင်္ဂနွေနေ့က အီရန်၏ မစ်ဆိုင်းဒုံးတိုက်ခိုက်မှု ထိမှန်ခဲ့သည့် အစ္စရေး တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ - Guez/AFP/Getty Images

အစ္စရေးကို တိုက်ခိုက်ရန် နည်းပညာမြင့် ပဲ့ထိန်းဒုံးအမျိုးအစားသစ်ကို စတင်အသုံးပြုနေပြီဖြစ်ကြောင်း အီရန်ဘက်က ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ရက်ပိုင်း တိုက်ခိုက်မှုများတွင် Haj Qassem ဟုခေါ်သည့် ပဲ့ထိန်းဒုံးအမျိုးအစားသစ်ကို စတင်အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု အီရန်အစိုးရနှင့် ဆက်နွှယ်သည့် FARS သတင်းဌာနက ဖော်ပြသည်။

အဆိုပါ ပဲ့ထိန်းဒုံးအမျိုးအစားသစ်ကို အီရန်ဘက်က မေလ အစောပိုင်းကတည်းက ချပြခဲ့သည်။

အဆိုပါ ပဲ့ထိန်းဒုံးအမျိုးအစားသစ်သည် အစ္စရေးတွင် ချထားသည့် အမေရိကန်စစ်တပ်၏ THAAD လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဖောက်ထွင်းတိုက်ခိုက်နိုင်သည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးက မေလ ၄ ရက်နေ့က ပြောဆိုခဲ့ဖူးသည်။

ယင်းအပြင်အစ္စရေးက အသုံးပြုနေသည့် အမေရိကန်စစ်တပ်၏ Patriot လေကြောင်းရန် ကာကွယ်ရေးစနစ် အပါအဝင် အခြားနည်းပညာများကိုလည်း ဖောက်ထွင်းတိုက်ခိုက်နိုင်ကြောင်း ၎င်းက ပြောသည်။

အီရန်၏ ပဲ့ထိန်းဒုံးအမျိုးအစားသစ်သည် ၁၂၀၀ ကီလိုမီတာအမြင့်တွင် ပျံသန်းနိုင်ပြီး ပစ်မှတ်ကို တိတိကျကျ တိုက်ခိုက်နိုင်ကြောင်း၊ ရန်သူ့လေကြောင်းရန် ကာကွယ်ရေးစနစ်များ၏ ကြားဖြတ်ဟန့်တားမှုကို ရှောင်ကွင်းနိုင်သည့် ဒုံးကျည်ထိပ်ဖူးတပ်ဆင်ထားသည်ဟု အီရန်ဘက်က ကြေညာထားသည်။

အဆိုပါ လက်နက်သည် ပစ်မှတ်များကို တိတိကျကျ တိုက်ခိုက်နိုင်သည်ဟုလည်း ယင်းမီဒီယာက ဖော်ပြသည်။

Source: CNN