ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘယ်အသင်းတွေ အုပ်စုဒုတိယပွဲစဉ်တွေမှာ သတိထားရတော့မလဲ

June 19, 2024

Dawei Watch TV

ယူရို ၂၀၂၄ ရဲ့အုပ်စုဒုတိယပွဲစဉ်တွေ စတင်ပါတော့မယ်။ အုပ်စုပထမပွဲစဉ်တွေ ပြီးဆုံးချိန်မှာ အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် အသင်းကြီးတချို့က အားရစရာအနေအထားမျိုး ဖြစ်မလာသေးပါဘူး။ ဘယ်လ်ဂျီယံ ဆိုရင် အထင်ကြီးထားသလောက် အလုပ်မဖြစ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

အင်္ဂလန်ဆိုရင်လည်း နိုင်ပွဲရသွားခဲ့တာပဲ ရှိတာပါ၊ တကယ့်အားရစရာခြေစွမ်းမျိုးကို ထုတ်မပြနိုင်ခဲ့ပါဘူး။ အုပ်စုဒုတိယပွဲစဉ်တွေ ပြီးဆုံးချိန်ကိုရောက်ရင်တော့ နောက်တစ်ဆင့်ဆီ တက်လှမ်းခွင့်ရတဲ့အသင်းတချို့ ထွက်ပေါ်လာတော့မှာဖြစ်သလို ဘယ်အသင်းတွေကတော့ဖြင့် မဖြစ်မနေ စောင့်ကြည့်ရလိမ့်မယ်ဆိုတာ အဖြေထွက်လာတော့မှာပါ။ ဒီကဏ္ဍမှာ အုပ်စု ၃ ခုကို စတင်ဆွေးနွေးပေးချင်ပါတယ်။