မင်္ဂလာပါရှင်။
တနင်္သာရီသတင်းအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ကို Dawei Watch အဖွဲ့သားတွေက စီစဉ်တင်ဆက်ထားတာပါ။
ဒီနေ့တင်ဆက်မယ့်သတင်းတွေကတော့……
- ရေဖြူမြို့နယ် အုန်းပင်ကွင်းရွာမှာ ဥယျာဉ်ခြံတဲ မီးလောင်လို့ နှစ်ဦးဒဏ်ရာရသွားတဲ့သတင်း
- ထားဝယ်အရှေ့တောစစ်မြေပြင်မှာ စစ်မှုထမ်းသင်တန်းဆင်းနှစ်ဦး ဘက်ပြောင်းခိုလှုံတဲ့ အကြောင်း
- တနင်္သာရီမြို့နယ် ဘန်းလမွတ်ရွာကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးချတဲ့ သတင်း
- ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းမှာ ကုန်ကားနဲ့ဆိုင်ကယ်တိုက်မိပြီး ဆယ်ကျော်သက် တစ်ဦးသေဆုံးတဲ့ အခြေအနေ
- သရက်ချောင်းက ဝင်းကဖော်ရွာကို လေယာဉ်နဲ့ဗုံးကြဲတဲ့သတင်းစတဲ့ သတင်းတွေကိုနားဆင်ရမှာပါရှင်။