BREAKING
May 19, 2025

ရေဖြူ အုန်းပင်ကွင်းရွာတွင် ဥယျာဉ်ခြံတဲ မီးလောင်ပြီး နှစ်ဦးဒဏ်ရာရ

May 19, 2025

ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းရွာရှိ ဥယျာဉ်ခြံတဲမီးလောင်းပြီး အသက် ၃၀ ကျော် မောင်နှမနှစ်ဦးမီးလောင်ဒဏ်ရာ ရသွားသဖြင့် ကံပေါက်ဆေးရုံတွင် ကုသမှုခံယူနေကြောင်း ဒေသခံများထံမှသိရသည်။

မေလ ၁၈ ရက် နံနက်ပိုင်းတွင် ဥယျာဥ်ခြံတဲ မီးလောင်မှုဖြစ်ခဲ့ပြီး အုန်းပင်ကွင်းရွာ ၊ အမှတ် ၁ ရပ်ကွက်တွင်နေထိုင်သည့် အသက် ၃၀ နှင့် ၄၀ ဝန်းအကျင်အရွယ်ရှိ မောင်နှမတော်စပ်သူ နှစ်ဦး မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြခြင်းဖြစ်သည်။

” ဖယောင်းတိုင်မီးကစလောင်တယ်လို့ သိရတယ်။ ခြံတဲထဲမှာက မီးလောင်ခံရတဲ့ အမျိုးသားက မီးထဲပါနေတာမြင်နေတာ့ သူ့ညီမဖြစ်သူက ဝင်ဆွဲတယ်။ သူ့ညီမမှာ ဒဏ်ရာနည်းတယ် ” ဟု ဖြစ်စဥ်အားသိရှိသည့် ဒေသခံတစ်ဦးကပြောဆိုသည်။

Dawei Watch က မြင်တွေ့ရသည့် မီးလောင်ဒဏ်ရာရထားသူနှစ်ဦး မှတ်တမ်းဓာတ်ပုံ၌ အမျိုးသားတွင် တစ်ကိုယ်လုံးနီးပါး မီးလောင်ဒဏ်ရာရထားပြီး အမျိုးသမီးတွင် ဘယ်ဖက် လက်နှင့်မျက်နှာတို့၌ မီးလောင်ဒဏ်ရာများရထားသည်ကိုတွေ့ရသည်။

အဆိုပါ မီးလောင်ဒဏ်ရာရထားသူနှစ်ဦးစလုံး ကံပေါက်တိုက်နယ် ဆေးရုံတွင် ဆေးကုသမှုခံယူနေဆဲ ဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှသိရသည်။