BREAKING
May 15, 2025

ကြက်သွန်ဖြူဈေးတက်လာသည့် ထားဝယ်ဈေးကွက်

January 19, 2024

ထားဝယ်ဈေးကွက်တွင် ယခုအပတ် ကြက်သွန်ဖြူဈေး အတက်ဘက် ရောက်လာသည်ကို တွေ့ရသည်။

ပြီးခဲ့သည့်အပတ်က ထူးလေးအမျိုးအစား ကြက်သွန်ဖြူတစ်ပိဿာဈေးမှာ ၁၆၃၀၀ကျပ် သာရှိရာမှ ယနေ့ ၁၇၅၀၀ကျပ်၊ ထူးငါးအမျိုးအစား ကြက်သွန်ဖြူတစ်ပိဿာဈေးမှာ ၁၆၅၀၀ကျပ်မှ ၁၈၀၀၀ကျပ်အထိ ဈေးမြင့်တက်လာသည်။

တစ်ပတ်အတွင်းကြက်သွန်ဖြူတစ်ပိဿာ ကျပ် ၁၂၀၀ မှ ကျပ် ၁၅၀၀အထိ ဈေးတက်သွားခြင်းဖြစ်သည်။

ပြီးခဲ့သည့်ပတ်က ကြက်သွန်နီတစ်ပိဿာ ၃၄၀၀ ကျပ်ရှိရာမှ ယနေ့ ၃၃၀၀ကျပ်၊ မိုးထောင် ရွှေအပ် ငရုတ်ခြောက် ၁ပိဿာ ၁၂၀၀၀ကျပ်မှ ၁၁၅၀၀ကျပ် သို့ ဈေးအနည်းငယ် ကျလာသည်။

ဆန်ဈေးမှာ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်။