BREAKING
November 18, 2025

တရုတ်တွင် ရောက်နေသည့် နိုင်ငံသားများ လုံခြုံရေးသတိရှိရန် ဂျပန်အစိုးရ သတိပေး

November 18, 2025

တရုတ်နိုင်ငံရှိ ဂျပန်နိုင်ငံသားများ လုံခြုံရေးအရ ကြိုတင်ကာကွယ်မှုများ တိုးမြှင့်ကာ လူစည်ကားသည့် နေရာများကို မသွားလာကြရန် ဂျပန်အစိုးရက သတိပေးထုတ်ပြန်လိုက်သည်။

ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံဆက်ဆံရေးတင်းမာမှု မြင့်တက်လာချိန် ဂျပန်အစိုးရ၏ အဆိုပါသတိပေးချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မကြာသေးမီက ထွက်ပေါ်လာသည့် နှစ်နိုင်ငံသံတမန်ရေးတင်းမာမှုများကြောင့် ဂျပန်နှင့်ပတ်သက်၍ တရုတ်မီဒီယာများတွင် ဖော်ပြချက်များ ဆိုးရွားလာသည့်အတွက် နိုင်ငံသားများ၏ လုံခြုံရေးအစီအမံများအတွက် ထပ်မံတိုက်တွန်းလိုက်ရခြင်းဖြစ်ကြောင်း ဂျပန်အစိုးရက ဆိုသည်။

တရုတ်နိုင်ငံရှိ ဂျပန်သံရုံးကလည်း ၎င်း၏နိုင်ငံသားများအား ဒေသဓလေ့ထုံးတမ်းများကို လေးစားရန်နှင့် တရုတ်လူမျိုးများနှင့် ဆက်ဆံရာတွင် သတိထားရန် တနင်္လာနေ့က သတိပေးခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်သစ် ဆာနအဲတာကအိချိ၏ ထိုင်ဝမ်အရေး မကြာသေးမီက ပြောဆိုချက်နှင့် ပတ်သက်၍ တရုတ်နှင့် ဂျပန်အကြား သံတမန်ဆက်ဆံရေးမြင့်တက်လျက် ရှိသည်။

ထိုင်ဝမ်ကို တရုတ်က စစ်ရေးအရ တိုက်ခိုက်ခြင်းက ဂျပန်၏ ရှင်သန်ရပ်တည်ရေးကို ခြမ်းခြောက်မှုဖြစ်ပြီး ဂျပန်ဘက်က စစ်ရေးအရ တုံ့ပြန်မှုဖြစ်စေနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ်သစ် ဆာနအဲတာကအိချိက လွှတ်တော်တွင် ပြောကြားခဲ့သည်။

တရုတ်ပြည်မကြီးအစိုးရအပေါ် ရန်စမိမည်ကို စိုးရိမ်သဖြင့် ဂျပန်အစိုးရအရာရှိများသည် ဂျပန်ဝန်ကြီးချုပ်သစ် ဆာနအဲတာကအိချိကဲ့သို့ လူသိရှင်ကြား ပြောဆိုမှုမျိုးကို အချိန်ကြာမြင့်စွာ ရှောင်ရှားလာခဲ့သည်။

ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သည့် ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီးအစိုးရက ၎င်းတို့ ပိုင်နက်အဖြစ် ကြေညာထားသည်။

ထိုင်ဝမ်ကို စစ်အင်အားသုံး၍ သိမ်းပိုက်ခြင်းမပြုပါဟု တရုတ်အစိုးရက ကတိပြုထားခြင်း မရှိပေ။

Source: Reuters