BREAKING
October 18, 2025

တစ်ပတ်အတွင်း တနင်္သာရီသတင်း

October 18, 2025

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ

  • ထိုင်း-မြန်မာနယ်စပ်က ထီးခီးရွာကို စစ်အာဏာရှင်တပ်က ရက်ဆက်ဗုံးကြဲနေတဲ့အခြေအနေ
  • တနင်္သာရီ တကူရွာမီးသတ်ရုံးကို စစ်အာဏာရှင်တပ်က လေကြောင်းက ဗုံးကြဲတဲ့အကြောင်း
  • တနင်္သာရီ ကမ်းတိုရွာဟောင်းမှာ စစ်အာဏာရှင်တပ်က မြေမြှုပ်မိုင်းတွေထောင်ပြီး ပြန်ဆုတ်သွားတဲ့သတင်း
  • သရက်ချောင်းက ကျေးရွာတချို့မှာ လှေသမားတွေဆီက KNU ငွေကြေးကောက်နေတယ်လို့ပြောတဲ့ အခြေအနေ
  • ပလမြို့အနီး မင်းပြင်ရွာက နေအိမ်တစ်ဆယ်ကျော်ကို စစ်အာဏာရှင်တပ်မီးရှို့တဲ့အကြောင်း
  • စစ်အာဏာရှင်တပ်စစ်ကြောင်းတွေ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို အင်အားဖြည့်လာတဲ့သတင်း အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
  • ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “ဖုန်းဆိုးမြေကို ရင်ဝယ်ပိုက်ထားကြရသူများ”အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။