နာမည်ကျော် ရက်ပ်အဆိုတော် စနူပ်ဒေါ့ဂ်ဟာ ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးစီးတီးအသင်းရဲ့ ရှယ်ယာအနည်းငယ်ကို ဝယ်ယူပြီး အသင်းရဲ့ ပူးတွဲပိုင်ရှင်နဲ့ ရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်လိုက်ပြီလို့ BBC က ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ဆွမ်ဆီးအသင်းဟာ ၂၀၂၅-၂၆ ဘောလုံးရာသီအတွက် အိမ်ကွင်းဝတ်စုံကို မိတ်ဆက်ခဲ့ပြီး အဲ့ဒီလို မိတ်ဆက်မှုမှာ စနူပ် ဒေါ့ဂ် ကို မော်ဒယ်လ်အဖြစ် မမျှော်လင့်ဘဲ မြင်တွေ့ခဲ့ရပါတယ်။
အခုတော့ အသက် ၅၃ နှစ်အရွယ် အမေရိကန်ကြယ်ပွင့် စနူပ် ဒေါ့ဂ် ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ခရိုအေးရှားဂန္ထဝင်ကစားသမား မိုဒရစ်ရဲ့လမ်းစဉ်နောက်ကို လိုက်ပါပြီး ကလပ်ရဲ့ ပိုင်ရှင်အဖွဲ့ဝင်အဖြစ် ပါဝင်လာပြီလို့ ဆွမ်ဆီးအသင်းက တရားဝင်ကြေညာချက်ထုတ်ပြန်ထားပြီလည်းဖြစ်ပါတယ်။
ဆွမ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဧပြီလကတည်းက မိုဒရစ်ဟာ ကလပ်ရဲ့ ရှယ်ယာတွေကို ဝယ်ယူခဲ့ကြောင်း သတင်းထုတ်ပြန် ကြေညာခဲ့ပါတယ်။
အေစီမီလန်နဲ့ စာချုပ်,ချုပ်ဆိုထားတဲ့ မိုဒရစ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ က အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့ ဘရက် ကာရာဗက် နဲ့ ဂျေဆန် ကိုဟင် တို့က ဆွမ်ဆီးအသင်းရဲ့ပိုင်ဆိုင်မှုကို လွှဲပြောင်းရယူလိုက်ပြီးနောက် အသင်းရဲ့ရင်းနှီးမြှုပ်နှံသူအဖြစ် ပါဝင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ဖွယ်ရှိပါတယ်။
လူမှုကွန်ရက်မီဒီယာမှာ Follower အရေအတွက် သန်း ၁၀၀ ကျော်ရှိတဲ့ စနူပ် ဒေါ့ဂ် က “ကလပ်ကို ကူညီဖို့အတွက် ကျွန်တော့်ဘက်က တတ်နိုင်စွမ်းသမျှ အကုန်လုပ်ဆောင်ပေးမယ်” လို့ ဆွမ်ဆီးပရိသတ်တွေကို ကတိပြုထားပါတယ်။
ဘရက် ကာရာဗက် နဲ့ ဂျေဆန် ကိုဟင် တို့ရဲ့စည်းရုံးမှုကြောင့် စနူပ် ဒေါ့ဂ် ဟာ ဆွမ်ဆီးမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားလာခဲ့တာဖြစ်နိုင်တယ်လို့ သတင်းတွေက သုံးသပ်ထားပါတယ်။
Source – BBC







