BREAKING
October 18, 2025

စစ်ကောင်စီတပ်သားများအနီး မနေကြရန် ပြည်သူများကို KNU သတိပေး

July 18, 2025

စစ်ကောင်စီတပ်စခန်း၊ ဂိတ်နှင့် စခန်းချထားသည့် နေရာအနီး မနေကြရန် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) အထူးတပ်ဖွဲ့က ဇူလိုင်လ ၁၇ ရက်က သတိပေးချက်ထုတ်ပြန်လိုက်သည်။

စစ်ရေးအရှိန်မြှင့်တင်ရန်ရှိနေသည့်အတွက် စစ်ကောင်စီတပ်စခန်း၊ ဂိတ်နှင့် စခန်းချတပ်စွဲထားသည့် နေရာအနီးတွင် မနေကြရန်နှင့် နီးကပ်နေပါက နေရာရွှေ့ပြောင်း နေထိုင်ကြရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ကောင်စီတပ်ဖွဲ့များကို ဝင်ရောက်တိုက်ခိုက်ချိန်တွင် နေရာရွေ့မပြောင်းရွေ့ဘဲ နေထိုင်သူများ ထိခိုက်မှုရှိလာပါက တာဝန်ယူမည်မဟုတ်ကြောင်းလည်း ဖော်ပြထားသည်။

ယင်းအပြင် စစ်ကောင်စီကို ပံ့ပိုးကူညီခြင်း၊ သတင်းပေးခြင်း၊ ရိက္ခာထောက်ပံ့ခြင်းစသည့် ကူညီမှုများ မပြုလုပ်ရန် အထူးတားမြစ်ကြောင်းလည်း ဖော်ပြထားသည်။

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းကလည်း စစ်ရေးအရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်သဖြင့် စစ်ကောင်စီတပ်စခန်းချရာ နေရာများနှင့် နီးနီးကပ်ကပ် မနေကြရန်နှင့် ဗုံးခိုကျင်းများတူးထားကြရန် သတိပေးချက် ထုတ်ပြန်ထားသည်။