BREAKING
June 18, 2025

ဖိအားပေးပြီး ငြိမ်းချမ်းရေးဆွေးနွေးခိုင်းမှုလက်မခံဟု အီရန်ခေါင်းဆောင်ပြော

June 18, 2025

ဓာတ်ပုံ - AFP file photo

အီရန်အပေါ် ဖိအားပေးစစ်မက်ပြုမှုကို ဆန့်ကျင်သလို ငြိမ်းချမ်းရေးကို ဖိအားပေးလက်ခံစေမှုကိုလည်း ခိုင်ခိုင်မာမာ ဆန့်ကျင်သွားမည်ဟု အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာအလီခါမေနီက ရုပ်မြင်သံကြားမိန့်ခွန်းမှတစ်ဆင့် ပြောကြားလိုက်သည်။

“ဒီနိုင်ငံဟာ ဖိအားပေးမှုနဲ့ ရင်ဆိုင်ရချိန်မှာ ဘယ်သူ့ကိုမှ အညံ့ခံမှာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

၎င်း၏ မိန့်ခွန်းထဲတွင် ထရမ့်၏ ပြောဆိုချက်များနှင့် ပတ်သက်၍ တုံ့ပြန်ပြောဆိုမှုများလည်း ပါဝင်သည်။

“အီရန်နိုင်ငံနဲ့ သူ့ရဲ့ သမိုင်းကြောင်းကိုသိတဲ့ ဘယ်သူမဆို အီရန်နိုင်ငံသားတွေအပေါ် ခြိမ်းခြောက်တဲ့ ဘာသာစကားက အလုပ်မဖြစ်ဘူးဆိုတာ သိကြမှာပါ” ဟု ၎င်းက ပြောသည်။

“ပြီးတော့ အမေရိကန်ရဲ့ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုဟာ ပြန်ပြင်ဆင်လို့ မရတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်လာစေမယ်ဆိုတာ သံသရာရှိစရာ မလိုဘူး။ ဒါကို အမေရိကန်တွေ သိထားသင့်တယ်” ဟု ၎င်းက သတိပေးခဲ့သည်။

Source: Al Jazeera