တရုတ်နည်းပညာကုမ္ပဏီကြီး Baidu က တိရစ္ဆာန်များ၏ အသံနှင့် ကိုယ်ဟန်အမူအရာများကို လူသားဘာသာစကားအဖြစ် ဘာသာပြန်ပေးမည့် AI စနစ်အတွက် တရုတ်အစိုးရထံ မူပိုင်ခွင့်လျှောက်ထားလိုက်ပြီ ဖြစ်သည်။
အဆိုပါ AI စနစ်သည် ခွေးဟောင်သံ၊ ကြောင်ညည်းသံနှင့် အခြားအပြုအမူလက္ခဏာများအပေါ် အချက်အလက်များကို စိစစ်ကာ လူသားများ နားလည်နိုင်ရန် အဓိပ္ပါယ်ဖော်ပေးနိုင်မည် ဖြစ်ကြောင်း ဖော်ပြကာ မူပိုင်ခွင့် လျှောက်ထားလိုက်ခြင်း ဖြစ်သည်။
ယင်းနည်းပညာသည် လူသားနှင့် တိရစ္ဆာန်အကြား ဆက်သွယ်မှုကို ဘာသာစကားအရသာမက စိတ်ခံစားမှုဖော်ပြချက်များအရပါ မြှင့်တင်နိုင်မည်ဟု ကုမ္ပဏီဘက်က ဆိုသည်။
အဆိုပါ နည်းပညာသည် လက်ရှိအချိန်တွင် သုတေသနအဆင့်တွင်သာ ရှိနေဆဲဖြစ်သည်။

ယင်းနည်းပညာကို မိတ်ဆက်ချပြမည့်အချိန်နှင့် လက်တွေ့အကောင်အထည်ဖော်မည့်အချိန်ကို ကုမ္ပဏီဘက်က အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပေ။
Baidu ကုမ္ပဏီ၏ ခြေလှမ်းကြောင့် အွန်လိုင်းပေါ်မှ တရုတ်နိုင်ငံသား အိမ်မွေးတိရစ္ဆာန် ချစ်မြတ်နိုးသူများအကြား စိတ်ဝင်စားမှုမြင့်တက်လျက် ရှိသော်လည်း အဆိုပါ နည်းပညာ၏ ယုတ္တိကျမှုကို မေးခွန်းထုတ်မှုများလည်း ရှိသည်။
လက်ရှိအချိန်အထိ ကမ္ဘာပေါ်တွင် အိမ်မွေးတိရစ္ဆာန်များနှင့် အချိန်နှင့် တပြေးညီ ဆက်သွယ်ပြောဆိုနိုင်မည့် နည်းပညာ ပေါ်ပေါက်ခြင်း မရှိသေးပေ။
Source: Bangkok Post