BREAKING
May 18, 2025

ထားဝယ်တွင် အမျိုးသားတစ်ဦးအလောင်းတွေ့

May 18, 2025

ဓာတ်ပုံ - ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့(ထားဝယ်)

ထားဝယ်မြို့တွင် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့ မေလ ၁၈ ရက် မွန်းလွဲပိုင်းတွင် တွေ့ရှိကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှသိရသည်။

ထားဝယ်မြို့နယ်ရှိ တလိုင်းတောင်ကျေးရွာနှင့် ကသန်းကျေးရွာကြားရှိ လယ်ကွင်းထဲ၌ သက်ကြီးပိုင်းအမျိုးသားတစ်ဦး သေဆုံးနေသည်ကို ဒေသခံများက စတင်တွေ့ရှိကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“သက်ကြီးပိုင်းအမျိုးသားပါ။ ဆံပင်တွေတောင်ဖြူနေပြီ။ အလောင်းမှာတော့ ခွေး ‌ဆွဲထားတာတွေ တွေ့ရတယ်” ဟု ယင်းတာဝန်ရှိသူက ဆိုသည်။

သေဆုံးသူအမျိုးသားမှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့်ဒေသတွင် နေထိုင်သူဖြစ်သည်ကိုမူ ယနေ့ ညနေ ၃ ရီအထိ အတည်မပြုနိုင်သေးကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။

သေဆုံးသူ အမျိုးသား၏ရုပ်အလောင်းကို ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ (ထားဝယ်) က သွားရောက်ကူညီသယ်ဆောင်ပေးခဲ့ပြီး ထားဝယ်ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ပို့ဆောင်ထားခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။