ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မဟာချိုင်တွင် မြန်မာအမျိုးသမီးတစ်ဦး တံတားပေါ်က ခုန်ချ၍ သေဆုံး

February 18, 2026

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် မြန်မာအမျိုးသမီးတစ်ဦးသည် တံတားပေါ်က ခုန်ချ၍ သေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညက မြန်မာအမျိုးသမီးတစ်ဦးသည် မဟာချိုင်ဒေသ ထာ့ချလုံဆိပ်ခံတံတားပေါ်က ထာ့ချင်းမြစ်ထဲသို့ ခုန်ချခဲ့သဖြင့် စမွတ်စခွန်ကယ်ဆယ်ရေးအဖွဲ့များက ညလုံးပေါက် ရှာဖွေခဲ့ကြကြောင်း သိရသည်။

ခုန်ချသူသည် အသက် ၄၆ နှစ်အရွယ် မခင်မိုးလွင်ဖြစ်ပြီး ယနေ့ နံနက် ၈ နာရီခန့်တွင် အလောင်းကို ရေပေါ်တွင် ပြန်တွေ့ရှိခဲ့ကြောင်း သတင်းများအရသိရသည်။

လက်ရှိတွင် မြန်မာအမျိုးသမီး မြစ်ထဲ ခုန်ချခဲ့သည့် အကြောင်းအရင်းကို မသိရသေးဘဲ မိမိကိုယ်ကို အဆုံးစီရင်မှုဟု ကနဦး သတ်မှတ်ထားကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Samut Sakhon News, စမွတ်စခွန် လူမှုကူညီရေးအသင်း