BREAKING
October 20, 2025

တစ်ပတ်အတွင်း ကိုဗစ်လူနာသစ် ၁၀ ဦးတိုး

January 18, 2021

တနင်္သာရီတိုင်းတွင် တစ်ပတ်အတွင်း ကိုဗစ်-၁၉ လူနာသစ် ၁၀ ဦး တိုးလာကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စာရင်းအရ သိရသည်။

ဇန်နဝါရီလ ၈ ရက်နေ့မှ ၁၄ ရက်အတွင်း ထားဝယ်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ ဦး၊ မြိတ် မြို့နယ်တွင် ၄ ဦး၊ တနင်္သာရီမြို့နယ်တွင် ၁ ဦး ထပ်တိုးလာခဲ့သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၄ ရက် နေ့အထိ စာရင်းများအရ တနင်္သာရီတိုင်းတွင် ကိုဗစ် အတည်ပြုလူနာ ၇၂၇ ဦးရှိပြီး ဆေးရုံတက်ရောက်ကုသနေသူ ၂၇ ဦးရှိကြောင်း ထုတ်ပြန်ထားသည်။

ပိုးတွေ့လူနာအများစုမှာ ရန်ကုန်ပြန်များ၊ ကုန်ကားသမားများ၊ ပြည်တွင်း ရွှေ့ပြောင်းအလုပ်သမားများတွင် အများဆုံးတွေ့ရပြီး နိုင်ငံခြားပြန်နှင့် သင်္ဘောသားပြန်များတွင် တွေ့ရ နည်းသည်ဟု တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာထွန်းမင်းက တနင်္သာရီ အပတ်စဉ်သို့ ဒီဇင်ဘာနောက်ဆုံး အပတ်က‌ ပြောဆိုဖူးသည်။

ယင်းအပြင် ဒေသတွင်း ကူးစက်သူလည်း နည်းသည်ဟု ၎င်းက ပြောဆို ထားသည်။