BREAKING
June 15, 2025

ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ကုလအထွေထွေညီလာခံက ကန့်ကွက်နိုင်ငံမရှိအတည်ပြု

December 17, 2022

ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ကုလသမဂ္ဂ အထွေထွေညီလာခံက ကန့်ကွက်နိုင်ငံမရှိ အတည်ပြုလက်ခံလိုက်အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ထုတ်ပြန်လိုက်သည်။

ကုလသမဂ္ဂကိုယ်စားလှယ် အရည်အချင်းစိစစ်ရေးကော်မတီ (Credentials Committee) က ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် အမည်စာရင်း တင်သွင်းထားခြင်းဖြစ်ပြီး ယင်းကို ကုလသမဂ္ဂ အထွေထွေညီလာခံ (General Assembly)က ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဆုံးဖြတ်ရာ ကန့်ကွက်သည့်နိုင်ငံမရှိဘဲ လက်ခံလိုက်ခြင်းဖြစ်သည်။

ကုလသမဂ္ဂကိုယ်စားလှယ် အရည်အချင်းစိစစ်ရေးကော်မတီတွင် အဖွဲ့ဝင် ၉ နိုင်ငံရှိပြီး ရုရှား၊ တရုတ် နှင့် အမေရိကန်ပြည်ထောင်စုတို့လည်း ပါဝင်ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ကိုယ်စားပြုသူ ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံက လက်ခံလိုက်မှုမှာ NUG အတွက် သံတမန်ရေးအရ အောင်မြင်မှုဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ဆိုသည်။

ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ ကိုယ်စားပြုမည့် ကိုယ်စားလှယ်လောင်းကို ပြီးခဲ့သည့်နှစ်က စစ်ကောင်စီဘက်ကလည်း အဆိုပြုထားပြီး မည်သူ့ကိုရွေးချယ်မည်ဆိုသည်ကို တစ်နှစ်ကြာ ဆိုင်းငံ့ထားခဲ့ပြီးနောက် ကုလကိုယ်စားလှယ် အရည်အချင်း စိစစ်ရေးကော်မတီက ဦးကျော်မိုးထွန်းကို လက်ခံရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။