Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လောင်းလုံးမြို့ပေါ်မှာ စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်တဲ့သတင်း
- ပလမြို့နားက တန်းရှင်းရွာကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတဲ့အကြောင်း
- ကော့သောင်းမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ ပျူစောထီးနှစ်ဦး ပစ်ခတ်ခံရပြီးသေဆုံးတဲ့သတင်း
- ရေးမြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေလို့ ပြည်သူတွေစစ်ရေးသတိရှိကြဖို့ တိုက်တွန်းတဲ့အကြောင်း
- မဟာချိုင်မှာ အလုပ်ရဖို့ပွဲစားတွေကို ငွေပေးပြီးစောင့်နေတဲ့ မြန်မာ ၁၃၀ ကျော် အဖမ်းခံရတဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။