ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အဓမ္မစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြရန် လောင်းလုံးမြို့ပေါ်တွင် ထားဝယ်သပိတ် ကော်မ‌တီဆန္ဒပြ

September 17, 2024

ဓာတ်ပုံ - DDMSC

အဓမ္မစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြရန် ဆန္ဒပြလှုပ်ရှားမှုကို စစ်ကောင်စီတပ် ခြေကုပ်ယူထားသည့် လောင်းလုံးမြို့ပေါ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီက ယနေ့ ညနေပိုင်းတွင် လုပ်ဆောင်ခဲ့ကြသည်။

“ဖက်ဆစ်တပ်ကိုအမြစ်ဖြတ်ကြ၊ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြ” ဘန်နာကိုင်ဆွဲပြီး မြို့ပေါ် အဓိကလမ်းမကြီးပေါ်တွင် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က လောင်းလုံးမြို့ရှိ မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ စစ်ဖက်ရေးရာလုံခြုံရေးရုံး၊ လဝကရုံး တို့အပါအဝင် လူမရှိသည့် အရပ်သားနေအိမ်များထဲ ဝင်ရောက်နေထိုင်ကာ တပ်စွဲထားသည်။

No related posts found.