ပေါ်တူဂီလက်ရွေးစ်အသင်းခေါင်းဆောင် စီရော်နယ်ဒို ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကို “ငြိမ်းချမ်းရေးအတွက် ကစားပေးပါ”လို့ အထူးသတင်းစကား ရေးသားထားတဲ့ သူ့ဂျာစီအင်္ကျီကို လက်ဆောင်အဖြစ် ပေးပို့လိုက်ပါတယ်။
စီရော်နယ်ဒို ဟာ သူကိုယ်တိုင် အမှတ်တရ လက်မှတ်ရေးထိုးပြီး “ငြိမ်းချမ်းရေးအတွက် ကစားပေးပါ”လို့ ရေးသားထားတဲ့ ပေါ်တူဂီလက်ရွေးစင်အသင်း ဂျာစီအင်္ကျီကို သမ္မတ ဒေါ်နယ်ထရမ့်ဆီ လက်ဆောင်အဖြစ် ပေးပို့လိုက်တာပါ။
စီရော်နယ်ဒို ဟာ ဥရောပကောင်စီ ဥက္ကဌ အန်တိုနီယို ကော်စတာ ဆီကတဆင့် သူ့ဂျာစီလက်ဆောင်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဆီ ပေးပို့လိုက်တာဖြစ်ပါတယ်။



အန်တိုနီယို ကော်စတာ ဟာ ပြီးခဲ့တဲ့တနင်္လာနေ့က ကနေဒါနိုင်ငံမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံစဉ်အခိုက် စီရော်နယ်ဒို ပေးလိုက်တဲ့ ဂျာစီအင်္ကျီလက်ဆောင်ကို လက်ဆောင်ပေးလိုက်တာပါ။
စီရော်နယ်ဒို ပေးပို့လိုက်တဲ့ သတင်းစကားကို ဖတ်ကြားအပြီးမှာ သမ္မတ ဒေါ်နယ်ထရမ့် က “ကျုပ်ကလည်း ငြိမ်းချမ်းရေးအတွက် ကစားပေးရတာကို သဘောကျပါတယ်။ ဒါက အရမ်းကို ကြီးကျယ်တယ်လေ”လို့ တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။
Source – Skye Football