BREAKING
June 17, 2025

မြိတ်တွင် အိမ်သားချင်း စကားများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်

June 17, 2025

မြိတ်မြို့၊ သန်းဖိုရပ်ကွက်တွင် အိမ်သားအချင်းချင်း စကားများရန်ဖြစ်ရာက ဓားထိုးမှုဖြစ်ကြောင်း ရပ်ကွက်နေသူအချို့ထံမှ သိရသည်။

ဇွန်လ ၁၅ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် အသက် ၃၀ ဝန်းကျင်အရွယ် ကိုပြည့်ဖြိုးအောင်နှင့် ညီဖြစ်သူ၏ဇနီး (ခယ်မ) တို့ စကားများရန်ဖြစ်ကြောင်း ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ထိုသို့ စကားများရန်ဖြစ်ချိန်တွင် အသက် ၂၀ ကျော်အရွယ် ခယ်မဖြစ်သူက ဓားဖြင့်ထိုးသဖြင့် ကိုပြည့်ဖြိုးအောင်တွင် ဒဏ်ရာများရရှိသဖြင့် တွက် ရှင်သန်ခြင်းပရဟိတနာရေး ကူညီမှုအသင်း၏ အကူအညီဖြင့် မြိတ်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း ရပ်ကွက်နေသူအချို့က ဆိုသည်။

“ရန်ဖြစ်စကားများနေတဲ့ အသံတွေတော့ကြားတယ်။ ဘယ်လိုဖြစ်ကြတယ်ဆိုတော့ သူတို့အိမ်တွင်းရေး ပြဿာနာ တွေ ဆိုတော့လေ သူတို့ပဲသိမယ်။ နာရေးကား(အရေးပေါ်ကား) အသံကြားလို့ အပြေးအလွှား‌သွားကြည့်မှ ဓားထိုးခံရတယ်လို့ သိရတယ်” ဟု ရပ်ကွက်နေသူ အခြားတစ်ဦးက ပြောဆိုသည်။

ဓားဖြင့်ထိုးခဲ့သည်ဆိုသည့် ခယ်မဖြစ်သူမှာ ထွက်ပြေးသွားပြီး ဇွန်လ ၁၇ ရက် နေ့လယ်အထိ လွတ်မြောက်နေဆဲဖြစ်ကြောင်း ရပ်ကွက်နေသူအချို့ထံမှ သိရသည်။