ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်ဘေးရှောင်တို့အတွက် ကျန်းမာရေး

May 17, 2024

တနင်္သာရီတိုင်းအတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လူမှုဘဝအခြေအနေများကို မှတ်တမ်းပြုစုဖော်ပြနေသည့် Fe5 တနင်္သာရီအဖွဲ့က ပြုစုထားသည့် စာရင်းအရ တိုင်းအတွင်း စစ်ဘေးရှောင် အရေအတွက်မှာ ယခုဧပြီလတွင် ခြောက်သောင်းနီးပါးရှိနေပြီး အများစုက ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ ဖြစ်ပါသည်။

စစ်ဘေးရှောင်များမှာ နေရေး၊စားရေး အခက်အခဲများအပြင် ရာသီအလိုက် မတူညီသည့် ကျန်းမာရေးပြဿနာများကို ရင်ဆိုင်နေကြရသည်။

ယင်းကြောင့် စစ်ဘေးရှောင်များ ကြုံတွေ့နေရသည့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို ဖော်ပြလိုက်ပါသည်။