BREAKING
May 1, 2025

မန်ယူနှင့် ခြေစမ်းမည့် ASEAN-All Stars အသင်းတွင်ပါဝင်ရန် မောင်မောင်လွင်ကို AFF ရွေးချယ်

April 17, 2025

အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) သည် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်းနှင့် အာဆီယံညွန့်ပေါင်း ASEAN-All Stars တို့ ယှဉ်ပြိုင်ရန် စီစဉ်ထားသော ခြေစမ်းပွဲတွင် ASEAN-All Stars အသင်းဘက်က ပါဝင်ကစားရန် မြန်မာ့လက်ရွေးစင်ကွင်းလယ်လူ မောင်မောင်လွင်ကို ထည့်သွင်းရွေးချယ်လိုက်သည်။

မန်ချက်စတာယူနိုက်တက်အသင်းနှင့် အာဆီယံညွန့်ပေါင်း ASEAN-All Stars တို့သည် လာမည့် မေလ ၂၈ ရက်တွင် မလေးရှားနိုင်ငံရှိ ဘူကစ်ဂျာလီကွင်းကြီးတွင် ခြေစမ်းပွဲယှဉ်ပြိုင်ကြမည်ဖြစ်သည်။

အဆိုပါခြေစမ်းပွဲ၌ ASEAN-All Stars အသင်းဘက်က ပါဝင်ကစားရန် မြန်မာ့လက်ရွေးစင် ကွင်းလယ်လူ မောင်မောင်လွင် ကို ရွေးချယ်လိုက်ကြောင်း အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) က မြန်မာဘောလုံးအဖွဲ့ချုပ်ထံသို့ ဆက်သွယ်အကြောင်းကြားထားပြီဖြစ်သည်။

မောင်မောင်လွင်သည် မြန်မာ့လက်ရွေးစင်အသင်းနှင့် ၎င်းကိုယ်စားပြုကစားနေသော ထိုင်း ပရီးမီးယားလိဂ်ကလပ် Lamphun Warriors FC တို့၌ ခြေစွမ်းပြကစားနိုင်သည့်အတွက် အာဆီယံညွန့်ပေါင်း အသင်းတွင် မြန်မာကိုယ်စားပြု ကစားသမားအဖြစ် ထည့်သွင်းရွေးချယ်ခံလိုက်ရခြင်းဖြစ်ကြောင်းAFF က ထုတ်ပြန်ထားသည်။

မန်ချက်စတာယူနိုက်တက်အသင်းနှင့် ASEAN-All Stars တို့၏ ခြေစမ်းပွဲတွင် ASEAN-All Stars အသင်း၏ နည်းပြချုပ်အဖြစ် ဗီယက်နမ်လက်ရွေးစင်အသင်းနည်းပြ မစ္စတာ ကင်မ်ဆန်းဆစ်ခ်က တာဝန်ယူ မည်ဖြစ်သည်။

Source: AFF