ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ရေထွက်ကုန်ဈေးနှုန်းများ ကျဆင်းသွားပြီး ကြက်သွန်ဖြူဈေးနှုန်းမှာမူ မြင့်တက်နေသည်။
ပြီးခဲ့သည့်သီတင်းပတ် ဇန်နဝါရီလ ၁၁ ရက်နေ့က ထားဝယ်ဈေးကွက်တွင် ရေထွက်ပစ္စည်းအချို့ဖြစ်သည့် ပါတူး (ခေါ်) ငါးလုံးတစ်ပိဿာလျှင် ၁၄,၀၀၀ ကျပ် ရှိခဲ့ရာမှ ဇန်နဝါရီ ၁၇ ရက်နေ့တွင် ၁၂,၀၀၀ ကျပ်သို့လည်းကောင်း၊ ငါးကွန်းရှပ်ကြီးတစ်ပိဿာ ၃၀,၀၀၀ ကျပ်မှ ၂၇,၀၀၀ ကျပ်သို့လည်းကောင်း၊ ငါးမဲလုံးတစ်ပိဿာ ၁၁,၀၀၀ ကျပ်မှ ၈,၀၀၀ ကျပ်သို့လည်းကောင်း၊ ပုစွန်ချောကြီးတစ်ပိဿာ ၅၀,၀၀၀ ကျပ်မှ ၄၅,၀၀၀ ကျပ်သို့လည်းကောင်း အသီးသီး ဈေးနှုန်းကျဆင်းသွားသည်။
တစ်ပတ်အတွင်း ပါတူး (ခေါ်) ငါးလုံးတစ်ပိဿာလျှင် ၂,၀၀၀ ကျပ်၊ ငါးကွန်းရှပ်တစ်ပိဿာ ၃,၀၀၀ ကျပ်၊ ငါးမဲလုံးတစ်ပိဿာ ၃,၀၀၀ ကျပ်နှင့် ပုစွန်ချောကြီးတစ်ပိဿာ ၅,၀၀၀ ကျပ် အသီးသီး ဈေးကျလာခြင်းဖြစ်သည်။
သို့သော် စားဖိုဆောင်သုံးပစ္စည်းဖြစ်သည့် ကြက်သွန်ဖြူ (ထူး ၅) မှာမူ တစ်ပတ်အတွင်း တစ်ပိဿာလျှင် ၁,၀၀၀ ကျပ် ဈေးတက်သွားသည်။
ပြီးခဲ့သည့်သီတင်းပတ် ဇန်နဝါရီ ၁၁ ရက်နေ့က ထားဝယ်ဈေးကွက်တွင် ကြက်သွန်ဖြူ (ထူး ၅) တစ်ပိဿာလျှင် ၁၀,၀၀၀ ကျပ်သာ ရှိခဲ့ရာမှ ဇန်နဝါရီ ၁၇ ရက်နေ့တွင် တစ်ပိဿာ ၁၁,၀၀၀ ကျပ်သို့ ဈေးမြင့်တက်သွားခြင်းဖြစ်သည်။
ဆီနှင့် အခြားစားဖိုဆောင်သုံးပစ္စည်းအချို့မှာ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရသည်။
သို့သော် ထားဝယ်ဒေသထွက်ဆန်နှင့် တိုင်းပြင်ပမှ တင်သွင်းသည့် ဆန်အမျိုးအစားအများစုမှာ ဇယားပါဈေးနှုန်းများအတိုင်း ဈေးနှုန်းမြင့်တက်လျက်ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။










