ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မဟာချိုင်တွင် ဖလန်ဆောင်တံတားအောက် ကားတစ်စီး မြေကျွံ

January 17, 2026

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် ဖလန်ဆောင်တံတားအောက် လမ်းမကြီးပေါ်တွင် ရေပိုက်လိုင်း ကျိုးပေါက်ပြီး မြေကျွံကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ ဇန်နဝါရီလ ၁၇ ရက် နံနက် ၇ နာရီတွင် မဟာချိုင်ဒေသ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်ရှေ့ လမ်းမကြီးပေါ် အကျယ် သုံး မီတာခန့်ရှိ မြေကျွံမှုဖြစ်ပြီး မောင်းနှင်လာသော ကားတစ်းစီး ဦးခေါင်းစိုက်ဝင်ခဲ့ကြောင်း ဖော်ပြသည်။

ရဲတပ်ဖွဲ့က လမ်းပိုင်းကို ယာယီပိတ်ထား၍ ကားကို ကူညီဖယ်ရှားပေးခဲ့ကာ ကားသမားသည် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ဆိုသည်။

မြေကျွံသည့်နေရာတွင် ရေပေးဝေရေး ပိုက်လိုင်း ပေါက်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် စမွတ်စခွန်မြို့သို့ ရေပေးဝေရေး ယာယီပိတ်ထားခဲ့သည်။

ယခုမြေကျွံသည့်နေရာသည် ဇန်နဝါရီလ ၁၅ ရက်က ဖလန်ဆောင်တံတား ဆောက်လုပ်ရေးလုပ်ငန်းခွင် ပြိုကျသော နေရာနှင့် တစ်ကီလိုမီတာ အကွာတွင်ရှိသည်။

Ref: Thai Enquirer, Khaosod English, The Nation Thailand