ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ
• စစ်အုပ်စုရွေးကောက်ပွဲ တနင်္သာရီတိုင်းမှာ ကြံ့ခိုင်ရေးတစ်ဆယ်ကျော် နဲ့ ပြည်သူ့ပါတီကတစ်ဦးအနိုင်ရ
• ကံပေါက်မှာ မောရဝတီရေတပ်က မဲစာရင်းစစ်ပြီးမဖြစ်မနေမဲလာပေးဖို့ အိမ်တိုင်ရာရောက်ဖိအားပေး
• ထားဝယ်မှာ လူငယ်အများအပြား စစ်မှုထမ်းစုဆောင်းခံရ
• ထားဝယ်ထောင်မှာ ယားနာကူးစက်မှု အဖြစ်များနေ
• သရက်ချောင်း ပိန်းတောရွာမှာ စစ်အာဏာရှင်တပ်က ခြိမ်းခြောက်ငွေတောင်း
• တနင်္သာရီ ခြောက်မိုင်ရွာမှာ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်
• နတ်ပွဲကာလ လောင်းလုံးကျေးရွာအချို့မှာ ဖဲထုပ် အဝယ်များပြီး ပစ္စည်းပြတ်တဲ့ သတင်းတွေ အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
• ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “ပဋိပက္ခတွေကြား ထမင်းနပ်မှန်ဖို့ ခက်လာတဲ့ ကမ်းနီးရေလုပ်သားတွေ” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။
DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။
Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။






