BREAKING
October 18, 2025

အနောက်တောင်မုတ်သုန်လေ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ဆုတ်ခွာပြီ

October 16, 2025

အနောက်တောင်မုတ်သုတ်လေသည် မြန်မာနိုင်ငံတစ်ဝန်းမှ ယနေ့(အောက်တိုဘာ ၁၆) ဆုတ်ခွာသွားပြီဖြစ်ကြောင်း စစ်ကော်မရှင်၏ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ယနေ့ထုတ်ပြန်သည်။

အနောက်တောင်မုတ်သုတ်လေသည် စက်တင်ဘာလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံအထက်ပိုင်း၊ စက်တက်ဘာလ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်း၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံအောက်ပိုင်းနှင့် ယနေအောက်တိုဘာလ ၁၆ ရက်နေ့တိုတွင် တနင်္သာရီတိုင်းတို့မှ ဆုတ်ခွာသွားပြီဖြစ်ကြောင်း မိုးဇလဖော်ပြချက်အရသိရသည်။

အနောက်တောင်မုတ်သုတ်လေဆုတ်ခွာမှုကြောင့် တနင်္သာရီတိုင်းအတွင်းရှိ ကော့သောင်းခရိုင်နှင့် ထားဝယ်ခရိုက်တို့တွင် ညနေပိုင်းမိုးထစ်ချုန်းရွာလျက်ရှိကြောင်း ဒေသခံများကပြောသည်။

“ကော့သောင်းမှာဆိုရင် မနေ့ကစပြီး ညနေပိုင်းရွာတယ်။ နှစ်ရက်ရှိပြီ ညနေ ၃ နာရီလောက်စပြီးရွာတာ”ဟု ကော့သောင်းဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

မြန်မာနိုင်ငံအောက်ပိုင်းမှ အနောက်တောင်မုတ်သုန်လေ စတင်ဆုတ်ခွာချိန်ဖြစ်သည့် အောက်တိုဘာလ ၁၁ ရက်နေ့ကစပြီး ထားဝယ်ခရိုင်တွင် ညနေပိုင်းမိုးထစ်ချုန်းရွာခြင်းနှင့်အတူ မိုးကြိုးပစ်ခြင်းနှင့် လျှပ်စီးလက်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း ထားဝယ်ဒေသခံတို့ကပြောသည်။

စစ်ကော်မရှင်၏ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ယနေ့ မွန်လွဲချိန်တိုင်းထွာထွာချက်အရ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ဆုတ်ခွာခဲ့ပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေကြောင်းဖော်ပြသည်။

မနက်ဖြန်ညနေအထိ ခန့်မှန်းချက်မှာ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း ဖော်ပြသည်။

တနင်္သာရီတိုင်းဒေသကြီးနှင့် ကျန်တိုင်းနှင့်ပြည်နယ် ၅ ခုတို့တွင်လည်း မိုးတိမ်တောင် ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး မိုးတိမ်တောင် ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နိုင်ကြရန်လည်း မိုးဇလကအကြံပြုတိုက်တွန်းထားသည်။

၂၀၂၅ ခုနှစ်တွင် အနောက်တောင်မုတ်သုန်လေသည် မေလ ၁၃ ရက်နေ့မှစ၍ တနင်္သာရီတိုင်းမှ စတင်ဝင်ရောက်ခဲ့ပြီး မေလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံအောက်ပိုင်း၊မေလ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မေလ ၂၅ ရက်နေ့တို့တွင် မြန်မာနိုင်ငံအထက်ပိုင်းသို့ အသီးသီးဝင်ရောက်ခဲ့ခြင်းဖြစ်သည်။