BREAKING
October 18, 2025

စီအိုင်အေက ဗင်နီဇွဲလားတွင် အာဏာသိမ်းရန် ကြိုးပမ်းနေဟု သမ္မတမာဒူရို ပြော

October 16, 2025

ပုံစာ - ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မာဒူရို။ ဓာတ်ပုံ - Federico Parra/AFP/Getty Images

အမေရိကန် စီအိုင်အေက ဗင်နီဇွဲလားတွင် အာဏာသိမ်းရန် ကြိုးပမ်းနေကြောင်း ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မာဒူရိုက ပြင်းပြင်းထန်ထန် အပြစ်တင်ဝေဖန်လိုက်သည်။

ဗင်နီဇွဲလားနိုင်ငံတွင် လျှို့ဝှက်စစ်ဆင်ရေးများ လုပ်ဆောင်ရန် စီအိုင်အေ (CIA) ကို ခွင့်ပြုလိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာလ ၁၅ ရက်တွင် ပြောကြားလိုက်ပြီးနောက် သမ္မတမာဒူရိုက ယင်းသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းမှာ သမ္မတနီကိုလတ်စ်မာဒူရို၏ ဗင်နီဇွဲလားအစိုးရအပေါ် ထရမ့်အစိုးရက ဖိအားပေးမှု အရှိန်အဟုန် မြင့်တက်လာခြင်းကို ဖော်ပြနေကြောင်း The Guardian သတင်းစာက ဖော်ပြသည်။

ဗင်နီဇွဲလားပိုင်နက်တွင်း တိုက်ခိုက်မှုများ လုပ်ဆောင်ရန် စဉ်းစားနေကြောင်းလည်း ထရမ့်က ထပ်မံ ပြောဆိုခဲ့သည်။

ယင်းမှာ မကြာသေးမီက ကာရစ်ဘီယန်ပင်လယ်အတွင်း ဗင်နီဇွဲလားလှေများကို မူးယစ်ဆေးဝါး တင်ဆောင်လာသည် စွပ်စွဲကာ လူသေသည်အထိ တိုက်ခိုက်မှုများထက် ပိုမိုပြင်းထန်လာသည့် ထရမ့်အစိုးရ၏ ခြေလှမ်းဖြစ်သည်။

အဆိုပါ လှေများကို ထရမ့်အစိုးရက တိုက်ခိုက်မှုများကို ဒီမိုကရက်တစ်ပါတီဝင်များနှင့် ကုလသမဂ္ဂ ကျွမ်းကျင်သူများက ဥပဒေမဲ့လုပ်ရပ်အဖြစ် ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချခဲ့သည်။

“ကာရစ်ဘီယန်ပင်လယ်ထဲမှာ စစ်ပွဲ မလိုချင်ဘူး။ အစိုးရအပြောင်းအလဲကို လက်မခံဘူး။ စီအိုင်အေက စီစဉ်ဖန်တီးတဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းမှုတွေကို လက်မခံဘူး” ဟု ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မာဒူရိုက ပြောဆိုခဲ့သည်။

ထရမ့်ကမူ အမေရိကန်အစိုးရအနေဖြင့် ဒေသတွင်းတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်ရန် စဉ်းစားနေပြီး ‘ကုန်းမြေကိုပါ စောင့်ကြည့်နေသည်’ ဟု ပြောကြားခဲ့သည်။

ဗင်နီဇွဲလားသမ္မတ မာဒူရိုကို စီအိုင်အေက သတ်ပိုင်ခွင့်ရှိမရှိ မေးမြန်းမှုကို သမ္မတထရမ့်က ဖြေကြားရန် ငြင်းဆိုခဲ့သည်။

“ဗင်နီဇွဲလားဟာ ဖိအားတွေ ခံစားနေရပြီလို့ ကျွန်တော် ထင်တယ်” ဟု ထရမ့်က ပြောဆိုခဲ့သည်။

Source: The Guardian