အင်္ဂလိပ်သတင်းမီဒီယာတွေဟာ လီဗာပူးအသင်း နောက်ကျမိနစ် သွင်းဂိုးတွေရရှိတာကို Fergie Time ခေတ်နဲ့ တင်စားခိုင်းနှိုင်းလိုက်ပြီး လက်ရှိမှာတော့ Slot Time ခေတ်သစ် လာနေပြီလို့ ရေးသားလိုက်ကြပါတယ်။
လီဗာပူးဟာ ပရီးမီးယားလိဂ်ရာသီဖွင့် ၄ ပွဲလုံးကို နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပြီး ဒါဟာ “လီဗာပူးအတွက် ခေတ်သစ်တစ်ခု အစပြုမှုလေလား”လို့ The Mirror သတင်းစားက ဆောင်းပါးရေးသားခဲ့ပါတယ်။
မန်ယူအသင်း ကြီးကျယ်ခေတ်နားခဲ့စဉ် ခေတ်ကာလတစ်လျှောက်မှာ ပွဲပြီးခါနီး နောက်ဆုံး ၁၀ မိနစ်နဲ့ နာကျင်အချိန်ပိုတွေက Fergie Time လို့ အရမ်းကို နာမည်ကြီးခဲ့ပြီး မန်ယူဟာ ဖာဂူဆန် တာဝန်ယူခဲ့စဉ် ကာလတစ်လျှောက် အဲ့ဒီမိနစ်အပိုင်းအခြားမှာ အဖိုးတန် အဆုံးအဖြတ်ဂိုးအများအပြားကို သွင်းယူရရှိခဲ့ပါတယ်။
ဖာဂူဆန်ဟာ နောက်ဆုံးမိနစ်အပိုင်းအခြား အဆုံးအဖြတ်သွင်းဂိုးတွေကို ချန်ပီယံအသင်းတစ်သင်းရဲ့ Luck လို့ တင်စားခဲ့ဖူးပြီး အဲ့ဒီကံကြမ္မာအထောက်အပံ့ဟာ အသင်းတိုင်းမှာ မရှိဘူးလို့လည်း YouTube Podcast တစ်ခုမှာ ဖာဂူဆန်က ပြောခဲ့ဖူးပါတယ်။
Fergie Time အပိုင်းအခြားတွေဟာ အရမ်းကိုပဲ စွန့်စားမှုဆန်လွန်းလှပြီး အဲ့ဒီအချိန်မှာ ပရိသတ်တွေ လုံးဝ မျှော်လင့်မထားတဲ့ကစားသမားတွေကို ထည့်သွင်းတာ၊ တခါတလေ အသင်းရဲ့အရေးပါတဲ့ အဓိက ကစားသမားကို ထုတ်ပြီး အရံတစ်ယောက်နဲ့ လူစားလဲလိုက်တာ စသဖြင့် ရင်ခုန်စရာကောင်းတဲ့ ကံစမ်းမှုတွေကို လုပ်ခဲ့ရတာရှိကြောင်း ဖာဂူဆန်က ရှင်းပြထားပါတယ်။
လက်ရှိမှာလည်း လီဗာပူးနည်းပြ အာနေး ဆလော့တ် ဟာလည်း ဖာဂူဆန် လို စွန့်စားမှုတွေကို နောက်ဆုံးမိနစ်အပိုင်းအခြားတွေမှာ လုပ်ဆောင်လာပြီး သူ အရဲစွန့် လူစားလဲလှယ်တဲ့ ကစားသမားတွေက အရေးပါတဲ့အနိုင်ဂိုးတွေကို အသင်းအတွက် ရယူပေးနိုင်လာတာဟာ တကယ်ပဲ စိတ်လှုပ်ရှားစရာကောင်းတယ်လို့ နည်းပြ အာနေး ဆလော့တ်က ထုတ်ဖော်ဝန်ခံထားပါတယ်။
“အခုမတိုင်ခင် ပွဲတွေတုန်းကလည်း နောက်ဆုံးမိနစ်တွေမှာ ကျွန်တော့်အသင်းက ဂိုးရခဲ့လို့ ဘန်လေနဲ့ပွဲမှာလည်း ယုံကြည်ချက်အပြည့်ထားပြီး မျှော်လင့်ခဲ့ပါတယ်။ ကျွန်တော့် ကစားသမားတွေ လုပ်နေတယ်၊ ကြိုးစားနေတယ်၊ ဒါကို မြင်နေရတယ်။ ဒါကြောင့်လည်း အဆုံးအဖြတ် အနိုင်ဂိုးကိုရလိမ့်မယ်လို့ ယုံကြည်ချက်ထားခဲ့ပါတယ်။ နောက်ဆုံးမှာ ပင်နယ်တီအခွင့်အရေးက ကျွန်တော်တို့ဆီကို ရောက်လာခဲ့တယ်။ ရာသီဖွင့် ၄ ပွဲလုံးကို အနိုင်ရလိုက်တာကြောင့် ရှေ့လာမယ့်ပွဲတွေအတွက် ပိုပြီး အားတက်သွားရတယ်”လို့ အားနေး ဆလော့တ်က ပြောသွားခဲ့ပါတယ်။
Source – ESPN UK







