BREAKING
October 19, 2025

အခြေခံစားသောက်ကုန်အချို့ စျေးငြိမ်နေသည့် မြိတ်ဈေးကွက်

September 16, 2022

မြိတ်မြို့၏ အခြေခံစားသောက်ကုန်အချို့တို့သည် စက်တင်ဘာလ ဒုတိယအပတ်မှစပြီး နှစ်ပတ်ဆက်တိုက် ဈေးနှုန်းတည်ငြိမ်နေခဲ့သည်။

အခြေခံစားသောက်ကုန်တို့အနက် မရှိမဖြစ် အရေးပါသည် ဆန်ဈေးနှုန်းနှင့် ကြက်၊ ဝက်၊ အမဲဈေးနှုန်းတို့ ပြောင်းလဲမရှိခဲ့ပါ။

သို့သော် ရုတ်သီးခြောက်(ရွှေအပ်)၊ ငရုတ်သီးခြောက်(ငရုတ်ပု) ဈေးသည် ယခင်အပတ်ထက် တစ်ထောင်ကျပ်သို့ မြင့်တက်ခဲ့သည်။

စားအုန်းဆီ(ပုံးဝါ)သည် ၉၃၀၀၀ ကျပ်သို့ ကျဆင်းလာသည်။

ကုန်ဈေးနှုန်းများ တည်ငြိမ်နေသော်လည်း စစ်အာဏာမသိမ်းမီအချိန်ကထက် အဆမတန်မြင့်တက်နေသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်သည်။