BREAKING
October 25, 2025

တစ်ကျပ်သား သိန်းငါးဆယ်နီးပါးအထိ ဈေးမြင့် (မေ ၁၆)

May 16, 2024

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် လေးဆယ့်ကိုးသိန်းကိုးသောင်း (၄,၉၉၀,၀၀၀) ကျပ် ဈေးဖွင့်ထားသည်။

ယမန်နေ့နှင့် ယနေ့ ဈေးနှုန်း နှိုင်းယှဉ်ချက်အရအ‌ခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်ကိုးသောင်း ဈေးတက်သွားသည်။

ထိုင်းဘတ်ဈေးလည်း ဆက်တိုက်တက်လာပြီး  မြန်မာငွေတစ်သိန်းလျှင် ၉၂‌၀ ဘတ် ဈေးဖွင့်ထားသည်။

ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။