ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တကူရွာဘုန်းကြီးကျောင်းကို စစ်အာဏာရှင်တပ် ဒရုန်းဖြင့်တိုက်ခိုက်

March 16, 2026

တနင်္သာရီမြို့နယ်၊ တကူရွာဘုန်းကြီးကျောင်းကို ဇဝဲကျေးရွာရှိ စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ မတ်လ ၁၆ရက် မွန်းလွဲ ၁နာရီဝန်းကျင်တွင် တကူရွာဘုန်းကြီးကျောင်းကို ဇဝဲကျေးရွာအခြေစိုက် စစ်အာဏာရှင်အမှတ် ၅၅၆ ခြေမြန်တပ်ရင်းက ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဆရာတော်ကျောင်းအနောက်ကို ကျသွားတယ်” ဟု ၎င်းက ပြောဆိုသည်။

ဘုန်းကြီးကျောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုတွင် ဒရုန်းအပျက်အစီးများကို တွေ့ရပြီး လူထိခိုက်မှု မရှိကြောင်း ဒေသခံများထံမှ သိရသည်။

ကာမီကာဇေ ဒရုန်းနှစ်စီးတက်လာနေသည်ကို တွေ့မြင်နေရပြီး တစ်စီးမှာ ဘုန်းကြီးကျောင်းဝင်းအတွင်းကျရောက်ပြီး ကျန်တစ်စီးမှာမူ မည်သည့်နေရာသို့ ကျရောက်ခဲ့သည် မသိရသေးကြောင်း ဒေသခံ အခြားတစ်ဦးက ဆိုသည်။

ဒရုန်း ပထမတစ်စီး တက်လာစဉ် မြင်တွေ့သူများက အော်ဟစ်ပြောဆို သတိပေးသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ကြကြောင်း ၎င်းက ပြောသည်။

ဒရုန်းများ ထပ်တက်လာနေသည်ဟု ကြားနေရသဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း အထက်ပါ ဒေသခံက ပြောဆိုသည်။

“တစ်စီးက ဘုန်းကြီးကျောင်းထဲ ပေါက်သံကြားလို့ အဲဒီမှာကျလို့ သိရတယ်။ နောက်တစ်စီးက ဘယ်နားကျလည်း မသိရဘူး။ ထပ်တက်လာနေပြောတော့ ကြောက်နေရတယ်။ အဲဒီဒရုန်း‌တွေက လာရင် အသံမကြားရဘူးဆိုတော့။ တိုက်ပွဲဖြစ်တာလည်း မရှိဘူး” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ကာမီကာဇေဒရုန်းမှာ ဒရုန်းကို အဆုံးအရှုံးခံပြီး ဝင်ရောက် တိုက်ခိုက် ဖောက်ခွဲသည်

မတ်လ ၁၀ရက်တွင် တကူကျေးရွာအုပ်စု အလယ်ပိုင်းရွာကို စစ်အာဏာရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် ရွာသားသုံးဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။