ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်မြို့အနီး မောင်မယ်ရှောင်တွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်နေ

February 16, 2026

ပုံစာ - မောင်မယ်ရှောင်ရွာရှိ ထားဝယ် နည်းပညာတက္ကသိုလ်အား အဝေးမှမြင်ရစဥ် (ပုံဟောင်း) ။ဓာတ်ပုံ - မောင်မယ်ရှောင် မြင်ကွင်းစုံ ။

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးတွင် ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက် နံနက် အစောပိုင်းကစ၍ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှသိရသည် ။

နံနက် ၆ နာရီ ခန့်မှစ၍ ပစ်ခတ်သံများစကြားရပြီး ၉ နာရီဝန်းကျင် အထိ ပစ်ခတ်သံများကြားနေရဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မောင်မယ်ရှောင်ရွာရှိ ထားဝယ်နည်းပညာတက္ကသိုလ်ဘက်မှ ပစ်ခတ်သံများ ကြားနေရခြင်းဖြစ်ကြောင်း မောင်မယ်ရှောင်ရွာသားတစ်ဦးက ဆိုသည်။

ထားဝယ်မြို့နယ် ဇဟာရွာနှင့် ရေဖြူမြိူ့နယ် ကျောက္က်ညှာရွာရှိ စစ်အာဏာရှင်တပ် အမြောက်တပ်များကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ၎င်းက ပြောဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားသည့်အကြောင်းအရင်းကိုမူ သေသေချာချာ မသိရသေးပေ။

မောင်မယ်ရှောင်ရွာသည် နှစ်ဘက်ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားခြင်းကြောင့် ရွာသားများ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစ၍ ရွာလုံးကျွတ် နေရပ်စွန့်ခွာ နေရသည့် ကျေးရွာဖြစ်သည်။