ထိုင်းနိုင်ငံ၏ ဥပဒေပြု လွှတ်တော်အတွက် ရွေးကောက်ပွဲကို လာမည့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ထိုင်းရွေးကောက်ပွဲ ကော်မရှင်က ကြေညာသည်။
ပြီးခဲ့သော ဒီဇင်ဘာလ ၁၁ ရက်က ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကူက လွှတ်တော်ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ပြီးနောက် ရွေးကောက်ပွဲအသစ် ပြန်ကျင်းပမည့်နေ့ကို ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ခြင်းဖြစ်သည်။
ယခုရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၀၀ ဦးနှင့် ပါတီကိုယ်စားပြု ၁၀၀ ဦး စုစုပေါင်း အောက်လွှတ်တော်အမတ် ၅၀၀ နေရာအတွက် မဲပေးရွေးချယ်သွားမည်ဖြစ်သည်။
ပါတီတစ်ခုချင်းစီအတွက် ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းကို သုံးဦးအထိ ရွေးချယ်တင်ပြနိုင်ကြောင်း ရွေးကော်က ကြေညာထားသည်။
ရွေးကောက်ပွဲရလဒ်ကို လာမည့် ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ပြည်ပရောက်ထိုင်းနိုင်ငံသားများနှင့်အတူ အသက်ကြီးပုဂ္ဂိုလ်များ၊ မသန်စွမ်းသူများအတွက် ကြိုတင်မဲပေးခွင့်ကို လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ခွင့်ပြုပေးမည်ဖြစ်သည်။
Ref: REUTERS, Thai Enquirer







